မကွေးခရိုင်
- မကွေးမြို့နယ်
- နတ်မောက်မြို့နယ်
- မြို့သစ်မြို့နယ်
- တောင်တွင်းကြီးမြို့နယ်
မြန်မာနိုင်ငံ၏ အလယ်ပိုင်းဒေသ
မကွေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ အလယ်ပိုင်းတွင်တည်ရှိပြီး အကျယ်အဝန်းအားဖြင့် ၄၄,၈၂၀ စတုရန်းကီလိုမီတာ (၁၇,၃၀၆ စတုရန်းမိုင်) ကျယ်ဝန်းသည်။ မြို့တော်မှာ မကွေးမြို့ဖြစ်သည်။ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် နေပြည်တော်ကောင်စီတို့ဖြင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည်။
ဧရာဝတီမြစ်သည် တိုင်းဒေသကြီး၏ အလယ်ဗဟိုကိုဖြတ်သန်းလျက် မြောက်မှတောင်သို့ စီးဆင်းသည်။ ဧရာဝတီမြစ်၏ အရှေ့ဘက်ခြမ်းဒေသများသည် မြေပြန့်များဖြစ်ပြီး၊ အနောက်ဘက်ခြမ်းဒေသများသည် ရခိုင်ရိုးမ၏ အရှေ့ဘက် ရေဝေကြောဖြစ်သည်။
ဧရာဝတီမြစ်အတွင်းသို့ အရှေ့ဘက်ခြမ်းမှ ပင်းချောင်း၊ ယင်းချောင်း၊ ဒေါင်းနေချောင်းစသည့် ချောင်းကြီးများ၊ အနောက်ဘက်မှ ချင်းတွင်းမြစ်၊ စလင်းချောင်း၊ မုန်းချောင်း၊ မန်းချောင်းနှင့် မင်းတုန်းချောင်းများ စီးဝင်လျက်ရှိသည်။
မကွေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ အလယ်ပိုင်းချိုင့်ဝှမ်းဒေသဖြစ်၍ မိုးအလွန်နည်းပြီး ပူပြင်းသောရာသီဥတုရှိသည်။
မကွေးတိုင်းဒေသကြီးသည် ခရိုင် (၇) ခရိုင်နှင့် မြို့နယ်ပေါင်း (၂၅) မြို့နယ်ဖြင့် ဖွဲ့စည်းထားပြီး မြို့ပေါင်း (၃၂) မြို့၊ ရပ်ကွက်ပေါင်း (၂၀၂) ခု၊ ကျေးရွာအုပ်စုပေါင်း (၁၅၃၈) အုပ်စုနှင့် ကျေးရွာပေါင်း (၄၇၉၀) ရွာ ပါဝင်ပါသည်။
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မကွေးတိုင်းဒေသကြီးတွင် လူဦးရေ (၃.၉) သန်း နေထိုင်ကြပြီး ကျေးလက်နေပြည်သူပေါင်း ၈၅ ရာခိုင်နှုန်း ရှိပါသည်။ လူဦးရေသိပ်သည်းဆမှာ တစ်စတုရန်းကီလိုမီတာတွင် (၇၆) ဦးဖြစ်ပါသည်။
မကွေးတိုင်းဒေသကြီးတွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်နှင့် သိပ္ပံကျောင်းပေါင်း (၁၈) ခုရှိသည်။ ၎င်းတို့မှာ —
မကွေးတိုင်းဒေသကြီး၏ အဓိကတွင်းထွက်သယံဇာတမှာ ရေနံနှင့် သဘာဝဓာတ်ငွေ့ဖြစ်သည်။ ရေနံမြေများမှာ —
မကွေးတိုင်းဒေသကြီးသည် ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများ အဓိကစိုက်ပျိုးပြီး “မြန်မာပြည်၏ ဆီအိုးကြီး” ဟု တင်စားခေါ်ဝေါ်ရသည့် တိုင်းဒေသကြီးဖြစ်သည်။
မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်အမျိုးမျိုး၊ စပါး၊ ပြောင်း၊ ကျွန်းသစ်၊ ပိတောက်၊ အင်၊ အင်ကြင်း၊ သစ်ရာ၊ ပျဉ်း၊ ပျဉ်းကတိုး၊ ဝါးအမျိုးမျိုးနှင့် အာလူး စသည်တို့ကို အဓိကစိုက်ပျိုးကြသည်။
မကွေးတိုင်းဒေသကြီး၏ အဓိကစက်မှုဇုန်များမှာ ပခုက္ကူစက်မှုဇုန်နှင့် ရေနံချောင်းစက်မှုဇုန်တို့ ဖြစ်ကြသည်။ ထင်ရှားသည့် စက်ရုံများမှာ —
မကွေးတိုင်းဒေသကြီးအတွင်းရှိ ထင်ရှားကျော်ကြားသည့် နေရာများမှာ —
မကွေးတိုင်းဒေသကြီး အနောက်ခြမ်းဒေသများဖြစ်သော မင်းတုန်း၊ ငဖဲ၊ စေတုတ္တရာ၊ ဆော၊ ထီးလင်းနှင့် ဂန့်ဂေါမြို့နယ်များတွင် မြေပြန့်ချင်းလူမျိုးများ နေထိုင်ကြသောကြောင့် ချင်းတိုင်းရင်းသား ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ထုံးစံများကို တွေ့ရှိရပါသည်။
ထို့ပြင် ပခုက္ကူတောင်တန်းဒေသ၏ ထီးလင်း၊ ဂန့်ဂေါ၊ ဆော စသည့် မြို့ (၃) မြို့သည် ဗမာမျိုးနွယ်စုတွင်ပါဝင်သော ယောလူမျိုးများ နေထိုင်ရာအရပ်ဖြစ်ပြီး ယောဒေသဟု ခေါ်တွင်သည်။
ဆင်ဖြူကျွန်းဒေသ ကျပင်းမြို့ဟောင်းရှိ ပျူခေတ်ရှေးဟောင်းအမွေအနှစ် မြေအိုးဆေးရိုးများကို တွေ့ရသည်။ ယောဒေသ၏ စကားသံသည် စံမြန်မာစကားနှင့် အသံထွက်အနည်းငယ်ကွဲလွဲသည်။ ယောဒေသမှထွက်သော ယောလုံချည်ကို ကိုလိုနီခေတ်က မြန်မာလူမျိုးတို့၏ ရိုးရာဝတ်စုံအဖြစ် ဝတ်ဆင်ခဲ့ကြသည်။