မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့ အမှတ်(၃)အထက၌ သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေး(HPV) နှင့် DT (ဆုံဆို့ရောဂါ ၊မေးခိုင်ရောဂါ) ဆေးများထိုးနှံပေးမှု ကြည့်ရှုအားပေး

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့ အမှတ်(၃)အထက၌ သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေး(HPV) နှင့် DT (ဆုံဆို့ရောဂါ ၊မေးခိုင်ရောဂါ) ဆေးများထိုးနှံပေးမှု ကြည့်ရှုအားပေး

မကွေး အောက်တိုဘာ ၂

          မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်အတွင်း အသက် (၅) နှစ်မှ (၇) နှစ်မကျော်သော KG ကလေးများအား DT (ဆုံဆို့ရောဂါ ၊ မေးခိုင်ရောဂါ) နှင့် အသက်(၉)နှစ်ပြည့်ပြီး အသက်(၁၀)နှစ် မကျော်သော ကျောင်းသူများအား (HPV) သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ် ဆေးများကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် စတင်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ပိုင်းက မကွေးမြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် ထိုးနှံပေးနေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ သွားရောက်၍ ကြည့်ရှုအားပေးသည်။

          အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ အောင်မြင့်ဦး နှင့် ကျန်းမာရေးမှူးဆရာမများက သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ် ဆေး၊ DT (ဆုံဆို့ရောဂါ ၊ မေးခိုင်ရောဂါ) ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိပြီး မြို့နယ်စီမံအုပ်  ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များက ပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက်ရှိရာ ကာကွယ် ဆေးထိုးနှံနေမှုအား မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင့်လွင် ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက လိုက်လံကြည့်ရှူအားပေးကာ ကလေးငယ်များအား စားသောက် ဖွယ်ရာ မုန့်နှင့် အချိုရည်များ ပေးဝေခဲ့သည်။

          မကွေးမြို့တွင် ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးနှံရန် အသက် (၅)နှစ် မှ (၇)နှစ်မကျော်သော ကျောင်းနေအရွယ် ကျောင်းသူ ( ၁၀၆ )ဦး၊ DT (ဆုံဆို့ရောဂါ ၊ မေးခိုင်ရောဂါ) (၁၉၆)ဦးတိုးအား ထိုးနှံ ပေးခဲ့ပြီး၊ မြို့နယ်အသီးသီး၌ ကွယ်ဆေးထိုးနှံရန် ကျန်ရှိ နေသည့် အမျိုးသမီးငယ်များအား ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဆရာမများက အခြေခံ ပညာကျောင်းများသို့ သွားရောက်၍ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

နောက်ဆုံးရ သတင်း