မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့ ရှေးဟောင်းသမိုင်းဝင် မြသလွန်စေတီတော် မြတ်ကြီး၏ (၂၅၈၉)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့ ရှေးဟောင်းသမိုင်းဝင် မြသလွန်စေတီတော် မြတ်ကြီး၏ (၂၅၈၉)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

မကွေး   အောက်တိုဘာ   ၁

          မကွေးတိုင်းဒေသကြီး မကွေးမြို့ရှိ ရှေးဟောင်းသမိုင်းဝင် မြသလွန် စေတီတော်မြတ်ကြီး၏ (၂၅၈၉)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာလ ၁ ရက်နေ့ နံနက် ၇ နာရီက မကွေးမြသလွန်စေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်ရှိ မဟာဝိဇယရံသီတန်ဆောင်း၌ ကျင်းပရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဇနီး၊ မကွေးတပ်နယ်မှ တပ်မတော် အရာရှိအကြီးအကဲများ၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စေတီတော်ဂေါပကအဖွဲ့နှင့် ဘုရားဖူးလာပြည်သူများ တက်ရောက်ကြသည်။

          ဦးစွာ မကွေးမြို့ ကန်ဦးရတနာကျောင်းတိုက် ပဓာနနာယက မြသလွန်ဩဝါဒါစရိယ ဆရာတော် ဘဒ္ဒန္တသုမင်္ဂလက သာသနာ့အလံ တော်ကို အလံတိုင်ထိပ်သို့ လွှင့်တင်ပေးတော်မူကာ ပင့်သံဃာ အရှင် သူမြတ်များက ဇယန္တော(၂)ဂါထာတော်ကို ရွတ်ပွားသရဇ္ဈာယ်တော် မူခဲ့ကြသည်။

          ဆက်လက်၍ မြသလွန်စေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ အတွင်း ရေးမှူး ဦးမြင့်ဦးက မကွေးမြသလွန် စေတီတော်မြတ်ကြီး၏(၂၅၈၉) ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော် မင်္ဂလာအခမ်းအနား ဖွင့်လှစ်ကြောင်း ကျူးရင့်ပြီး ဂေါပကအဖွဲ့မှ တာဝန်ရှိသူများက ကြေးစည်၊ ခေါင်းလောင်း ၊ ထိုးစည်၊ ဘားစည် ၂၄ ချက် တီးခတ်ပေးကာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အခမ်းအနား တက်ရောက်လာကြသူများက သာဓုအနုမောဒနာ သုံးကြိမ် ရွတ်ဆိုပူဇော်ခဲ့ကြသည်။

          ယင်းနောက် ဆရာတော် ဘဒ္ဒန္တသုမင်္ဂလ အမှူးပြုသော သံဃာတော်အရှင်သူမြတ်များက စေတီတော်မြတ်ကြီး၏ (၂၅၈၉) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအထိမ်းအမှတ် ပဋ္ဌာန်းပစ္စယု ဒ္ဒေသနှင့် ပစ္စယ နိဒ္ဒေသ တရားတော်များကို ညီညာဖြဖြ ရွတ်ပွားသရဇ္ဈာယ်တော်မူ ခဲ့ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

          မကွေးမြို့ ရှေးဟောင်းသမိုင်းဝင်မကွေးမြသလွန်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယ ပွဲတော်ကို အစဉ်အလာမပျက်(၁၃၈၇- ခုနှစ် သီတင်းကျွတ်လဆန်း ၁၀ ရက်မှ သီတင်းကျွတ်လပြည့်ကျော် ၁၄ ရက် အထိ အောက်တိုဘာလ ၁ ရက်မှ ၂၀ ရက်အထိ ရက် ၂၀ ကြာ အငြိမ့်ပွဲ၊ ဇာတ်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး၊ ယခုနှစ်တွင် မြန်မာ့ရိုးရာ အစားအစာအမျိုးမျိုး၊ လူသုံးကုန်ပစ္စည်းများ၊ တောင်သူသုံး ပစ္စည်းအမျိုးမျိုးနှင့် ဒေသထွက်ကုန်ပစ္စည်းအမျိုးမျိုး စသည်ဖြင့် ဈေးဆိုင်ခန်းပေါင်း ၈၀၀ ကျော်ဖြင့် ခင်းကျင်းရောင်းချကာ၊ ဘုရားဖူးလာ ပြည်သူများအတွက် ဂေါပက အဖွဲ့က အခမဲ့နားနေဆောင်များ စီစဉ်ထားရှိကြောင်းနှင့် ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ် စာသင်တိုက်ကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်းများမှ သံဃာအပါး ၁၅၀၀ အား ပင့်ဖိတ်၍ ဆွမ်းဆန် စိမ်းလောင်းလှူပူဇော်ပွဲနှင့် သီတင်းကျွတ်လပြည့်နေ့ညတွင် ဆီမီး ၉၀၀၀၊ နံ့သာ ၉၀၀၀၊ ပန်း ၉၀၀၀ ဆက်ကပ်လှူဒါန်း ပူဇော်ပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း