မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

(၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် တိုင်းဒေသကြီး ပြည်သူ့ဆေးရုံကြီးရှိ သွေးလှူဘဏ်တွင် စုပေါင်းသွေးလှူဒါန်း

(၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် တိုင်းဒေသကြီး ပြည်သူ့ဆေးရုံကြီးရှိ သွေးလှူဘဏ်တွင် စုပေါင်းသွေးလှူဒါန်း

မကွေး စက်တင်ဘာ ၂၃

          မကွေးတိုင်းဒေသကြီး တိုင်းပြည်သူ့ဆေးရုံကြီး အမျိုးသားသွေးလှူဘဏ်ခွဲမှ စေတနာ သွေးသန့်သွေးလှူရှင်များကို ဂုဏ်ပြုကြိုဆိုလျက်ရှိရာ (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် စက်တင်ဘာလ ၂၃ ရက် ယနေ့နံနက် ၉ နာရီက တိုင်းဒေသကြီး ၊ ခရိုင်၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်များမှ စုပေါင်း၍ မကွေးတိုင်းဒေသကြီး ပြည်သူ့ ဆေးရုံကြီး (၅)ထပ်ဆောင်ရှိ သွေးလှူဘဏ်တွင် စုပေါင်းသွေးလှူဒါန်းခြင်း ဆောင်ရွက်ခဲ့သည်။

          မကွေးတိုင်းဒေသကြီး တိုင်းပြည်သူ့ဆေးရုံကြီး အမျိုးသားသွေးလှူဘဏ်ခွဲမှ စေတနာ သွေးသန့် သွေးလှူရှင်များကို ဂုဏ်ပြုကြိုဆိုလျက်ရှိရာ (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကျော်စိုးဝင်း ဦးဆောင်သော တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များမှ စုပေါင်း၍ တိုင်းဒေသကြီး ပြည်သူ့ဆေးရုံ ကြီး(၅)ထပ်ဆောင် သွေးလှူဘဏ်တွင် စုပေါင်းသွေးလှူဒါန်းခြင်း ဆောင်ရွက်နေမှုကို တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ မကွေးတပ်နယ်မှ အကြီး အကဲများ သွားရောက်၍ ကြည့်ရှုအားပေးကာ သွေးလှူဒါန်းသော ရဲတပ်ဖွဲ့ဝင်များအား အာဟာရ ဖြည့်စွက် အစားအစာများ ထောက်ပံ့ပေးခဲ့သည်။

          အဆိုပါ (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်း သွေးလှူဒါန်းမှုတွင် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် ယာဉ်ထိန်း ရဲတပ်ဖွဲ့ ဝင်များ စုစုပေါင်း အင်အား(၈၅)ဦးဖြင့် သွေးလှူဒါန်းခြင်း ဆောင်ရွက်ခဲ့ကြောင်းနှင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင်လည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် မိသားစုများက (၆၁)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများဖြစ်သည့် စုပေါင်းသန့်ရှင်း ရေး ဆောင်ရွက်ခြင်း၊ စုပေါင်း သွေးလှူဒါန်းခြင်းများနှင့် စုပေါင်းငါးလွှတ်ခြင်းများကို ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

နောက်ဆုံးရ သတင်း