မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ပွင့်ဖြူမြို့နယ်၌ မိုးစပါးစိုက်ပျိုးတောင်သူများအတွက် မဲဇလီရေလွှဲဆည်မှ ဖြန့်ဝေသော တောင်မုန်းမြောင်းမကြီးတွင် ရေလှည့်စနစ်ဖြင့် စိုက်ပျိုးရေ ဖြန့်ဝေပေးမှု ကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ပွင့်ဖြူမြို့နယ်၌ မိုးစပါးစိုက်ပျိုးတောင်သူများအတွက် မဲဇလီရေလွှဲဆည်မှ ဖြန့်ဝေသော တောင်မုန်းမြောင်းမကြီးတွင် ရေလှည့်စနစ်ဖြင့် စိုက်ပျိုးရေ ဖြန့်ဝေပေးမှု ကြည့်ရှုစစ်ဆေး

မကွေး စက်တင်ဘာ ၂၂

          မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါကာ ယမန်နေ့ နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် မိုးစပါးစိုက်ပျိုးတောင်သူများအတွက် မဲဇလီရေလွှဲဆည်မှ ဖြန့်ဝေသော တောင်မုန်း မြောင်းမကြီးတွင် ရေလှည့်စနစ်ဖြင့် စိုက်ပျိုးရေ ဖြန့်ဝေပေးမှု အခြေအနေအား ကြည့်ရှုစစ်ဆေးသည်။

          ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် တောင်မုန်းမြောင်းမ ကြီးသို့ရောက်ရှိစဉ် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ တာဝန်ရှိသူများမှ မဲဇလီရေလွှဲဆည်ရေသောက် ဧရိယာအတွင်းရှိ ဒေသခံတောင်သူများ မိုးစပါးသီးနှံ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေး ဖြန့်ဝေပေးမှု၊ မိုးစပါးစိုက်ပျိုးရန်အတွက် တောင်မုန်း မြောင်းမကြီးနှင့် မြောက်မုန်းမြောင်းမကြီးများမှ မင်းဘူး၊ ပွင့်ဖြူ နှင့် စလင်းမြို့နယ်များသို့ ရေပေးဝေမှု ပိုမိုထိရောက်စေရန်အတွက် တောင်မုန်း၊ မြောက်မုန်းမြောင်းမကြီးများတွင် ရေလှည့် စနစ်ကျင့်သုံးလျက် ရေပေးဝေ ဆောင်ရွက်မှုနှင့် (၂၀၂၅-၂၀၂၆)ခုနှစ် မိုးစပါးရေပေးဝေမှု အနေဖြင့် မြောက်မုန်းမြောင်းမကြီး (သာဂရ)အောက်ပိုင်းတွင် ရေလှည့်(၄)ရက်၊ မြောက်မုန်းမြောင်းမကြီး (သာဂရ) အထက် ပိုင်း(၃)ရက် ဖြင့်လည်းကောင်း၊ ရေပေးဝေလျက်ရှိပြီး၊ တောင်မုန်းမြောင်းမကြီး ရေပေးဝေမှုတွင် လက်တံ (၂၊ ၄၊ ၁၃၊ ၁၄၊ ၁၅)တွင် (၅)ရက်၊ လက်တံ (၇၊ ၈)တွင် (၃)ရက်၊ လက်တံ (၄-က)(၉၊ ၁၁)တွင် (၃)ရက်၊ လက်တံ (၆)တွင် (၃)ရက်ဖြင့်လည်းကောင်း ဆည်ရေကို အဆင်ပြေ ချောမွေ့စွာ ပေးဝေမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်လင်းတင်ပြခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီး ဌာနအနေဖြင့် မဲဇလီဆည်ရေသောက် ဧရိယာအတွင်း၌ ဆည်ရေ စနစ်ကျ စီမံခန့်ခွဲတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေဖို့၊ လယ်လုပ်ငန်းခွင် မစတင်မီ ကြိုတင်ဆောင်ရွက် တတ်စေရန် အတွက် လက်တံမြောင်း၊ လယ်ကြား မြောင်းများ တူးဖော်ရေးနှင့် ရေစီးရေလာ ကောင်းမွန်စေရန် ပေါင်းမြက်ရှင်းလင်းရေး၊ ရေမြောင်းပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းများကို တောင်သူအသိပညာ ပေးခြင်းအစီအစဉ်များဖြင့် သီးနှံစိုက်ပျိုးမှု ရာသီချိန်အလိုက် အလေးထားဆောင်ရွက်ကြရန်နှင့် မဲဇလီဆည်ရေသောက် ဧရိယာအတွင်းရှိ ဒေသခံတောင်သူများအနေဖြင့်လည်း ဆည်ရေ အလေ အလွင့်ဆုံးရှုံးမှုများပြားသည့် မိရိုးဖလာ(ကွက်ဆင့်သောက်) ရေသွင်းစနစ်အား မကျင့်သုံးဘဲ လယ်ကြားမြောင်းများ တူးဖော်ဆောင်ရွက်ခြင်းဖြင့် ဆည်ရေကို လိုအပ်သော အချိန် လိုအပ်သော နေရာ၌ စနစ်တကျ ရယူသုံးစွဲနိုင် မည်ဖြစ်ပြီး၊ ဆည်ရေပေးဝေမှုကို စနစ်တကျ အလှည့်ကျစနစ်ဖြင့် ဆည်ရေရယူရန် လယ်ကြားမြောင်းများအား ကျေးရွာအလိုက် ရေအသုံးချသူများအဖွဲ့ (WUG)များ ဖွဲ့စည်းပြီး သက်ဆိုင်ရာဌာန၊ တောင်သူ အကျိုးဆောင် အဖွဲ့အစည်းများ ပူးပေါင်း၍ အကောင်အထည် ဖော်မည်ဆိုပါက စိုက်ပျိုးရေကို ထိရောက် အကျိုးရှိစွာ ရယူသုံးစွဲနိုင်မည်ဖြစ်ကြောင်း လမ်းညွှန်မှာ ကြားသည်။

အဆိုပါ မဲဇလီရေသောက်စနစ်တွင် တူးမြောင်းမကြီး (၂)မြောင်းရှိကာ၊ မဲဇလီဆည်ရေဖြင့် (၂၀၂၅-၂၀၂၆)ခုနှစ် မိုးစပါးစိုက်ပျိုးရန်အတွက် တောင်မုန်း မြောင်းမကြီးနှင့် မြောက်မုန်း မြောင်းမကြီး များမှ မင်းဘူး၊ ပွင့်ဖြူနှင့် စလင်းမြို့နယ်များသို့ ရေပေးဝေမှု ပိုမိုထိရောက်စေရန်အတွက် ရေလှည့်စနစ် ကျင့်သုံး၍ ရေပေးဝေဆောင်ရွက်လျက်ရှိပြီး၊ မိုးစပါးစိုက်ပျိုးပြီးစီးမှု အနေဖြင့် တောင်မုန်းမြောင်းမ ကြီးမှ (ပွင့်ဖြူ၊ မင်းဘူး)မြို့နယ်များတွင် ၃၄၉၁၉ ဧကနှင့် မြောက်မုန်းမြောင်းမကြီး (ပွင့်ဖြူ၊ စလင်း) မြို့နယ်များတွင် ၃၉၈၉၅ ဧက စုစုပေါင်း ၇၄၈၁၄ ဧကအား စိုက်ပျိုးဆောင်ရွက်ပြီးဖြစ်ကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာ၊ တာဝန်ရှိသူထံမှ သိရသည်။

နောက်ဆုံးရ သတင်း