မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးအတွင်း မဲဆန္ဒရှင်ပြည်သူများအား MEVM မဲပေးစက်နှင့် စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း လုပ်ဆောင် နေမှုအား ကြည့်ရှု

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးအတွင်း မဲဆန္ဒရှင်ပြည်သူများအား MEVM မဲပေးစက်နှင့် စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း လုပ်ဆောင် နေမှုအား ကြည့်ရှု

မကွေး သြဂုတ် ၃၀

          ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် မကွေးတိုင်းဒေသကြီးအတွင်း မဲဆန္ဒရှင်ပြည်သူများအား MEVM မဲပေးစက်နှင့် စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို သြဂုတ်လ ၃၀ ရက် ယနေ့ နေ့လယ် ၂ နာရီခွဲ အချ်ိန်က မကွေးမြို့ပေါ်ရှိ အထက(၁)၊ အထက (၂)၊ အထက(၃)၊ အထက(၄) ကျောင်းများတွင် ပြုလုပ်ရာ၊ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အစိုးရ အဖွဲ့ဝင် ဝန်ကြီးများက မဲဆန္ဒရှင်ပြည်သူများ၏ လက်တွေ့ စမ်းသပ်မဲပေးခြင်းများအား လိုက်လံ ကြည့်ရှု့ခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

          အဆိုပါ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲ အရာရှိ ဦးစိုးထွဋ်ဦးမှ ဆန္ဒမဲပေးရာတွင် အဆင်ပြေ ချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရန်အတွက် မြန်မာ အီလက်ထရောနစ်မဲပေးစက်(MEVM)စက်အား ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသုံး ပြုရခြင်း၏ ရည်ရွယ်ချက်၊ စက်၏ ဖွဲ့စည်းတည်ဆောက်ပုံ၊ စမ်းသပ်မဲပေးပုံ၊ ရွေးကောက်ပွဲ နေ့တွင် မဲရုံ၌ မဲပေးစက် တပ်ဆင်ခင်းကျင်းပုံ၊ မဲရလာဒ်ရေတွက်ပုံ၊ နည်းဥပဒေပါ အတိုင်း မဲရလာဒ် စာရင်းပြုစုပုံ၊ မဲရုံခင်းကျင်းမှုပုံစံ စသည်တို့အား အသေးစိတ်ရှင်လင်း ပြောကြားသည်။

          ဆက်လက်၍ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်ပေးရာ တက်ရောက်လာသည့် မဲဆန္ဒရှင်ပြည်သူများက စိတ်ပါဝင်စားစွာ ကိုယ်တိုင် ကိုယ်ကျ ဆန္ဒမဲပေးခြင်းများ ဆောင်ရွက်ကာ၊ မဲပေးစက် Printer မှ ထွက်ရှိလာသည့် စာရင်းဖြင့် ဆန္ဒပြုသူအရေအတွက် မှန် ၊ မမှန် တိုက်ဆိုင်စစ်ဆေးခြင်းနှင့် ကိုယ်စားလှယ်လောင်း တစ်ဦးချင်းစီ၏ ဆန္ဒမဲလက်မှတ်များ စိစစ်၍ မဲရလဒ် ထုတ်ပြန်ခြင်းများ သရုပ်ပြသ ဆောင်ရွက်ခဲ့ကြပြီး၊ မဲဆန္ဒရှင် ပြည်သူများမှ သိလိုသည်များမေးမြန်းမှုအပေါ် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲ အရာရှိ များမှ ပြန်လည်ရှင်းလင်း ဖြေကြားဆောင်ရွက်ခဲ့ကြောင်းနှင့် မဲဆန္ဒရှင်ပြည်သူများအား MEVM မဲပေးစက်နှင့် စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားသို့ မဲဆန္ဒရှင်ပြည်သူ စုစုပေါင်းအင်အား(၂၀၈၁)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။


နောက်ဆုံးရ သတင်း