မကွေး ဩဂုတ် ၂၃
“လူငယ်များ ဗလငါးတန်ဖွံဖြိုးဖို ကျောင်းကျန်းမာရေးမြှင့်တင်စို” ဆောင်ပုဒ်နှင့် အညီ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မကွေးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပန်းဟေဝန် ခန်းမ၌ ကျင်းပရာ အခမ်းအနားသို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲဝင် ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေး တပ်နယ်မှ အကြီးအကဲများ၊ တိုင်းဒေသကြီးအစိုးရအဖွဲဝင် ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြိုနယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများ ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ အ.ထ.က (ခွဲ) ဆားစည်မှ ကျောင်းသား/ကျောင်းသူ လေးများက အဓိကမျှော်တွေး ကျန်းမာရေး တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပြီး၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် အဖွင့် အမှာ စကားပြောကြားရာတွင် မကွေးတိုင်းဒေသကြီးအနေဖြင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက် များဖြစ်တဲ့ “ကျန်းမာမှ ပညာသင်ကြားနိုင်မည်” ၊ “ကျန်းမာမှ အလုပ်လုပ်နိုင်မည်” ၊ “လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိ” ဟူသည့် ဦးတည်ချက်၊ လမ်းညွှန်ချက်များကို အမြဲတစေ ဦးထိပ်ထား၍ မူဝါဒများ ချမှတ်ကာ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ပညာရေးဝန်ကြီးဌာန အပါအဝင် နှီးနွယ် ဝန်ကြီးဌာနများ၊ နိုင်ငံတကာနှင့် ပြည်တွင်း အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ၊ ဒေသခံ ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးဟာ နိုင်ငံသားများရဲ့ပညာရေးနဲ့ ကျန်းမာရေး အဆင့်အတန်း မြင့်မားမှုအပေါ် အဓိကမူတည်သည့်အတွက် နိုင်ငံ၏ အနာဂတ်လူ့စွမ်းအားအရင်းအမြစ်ဖြစ်တဲ့ ကျောင်းသား၊ ကျောင်းသူများရဲ့ ကျန်းမာရေး အဆင့်အတန်း မြင့်မားခြင်းသည် ကျန်းမာသန်စွမ်းတဲ့ လူ့အဖွဲ့အစည်း တည်ဆောက်နိုင်ရေးမှာ အခြေခံဖြစ်ပြီး အဓိကကျတဲ့ အခန်းကဏ္ဍ ဖြစ်ပါကြောင်း၊ ယခု (၂၀၂၅-၂၀၂၆) ပညာသင်နှစ်တွင် ကျောင်းတွင်း အာဟာရကျွေးမွေးခြင်းလုပ်ငန်းကို KG ကျောင်းသား၊ ကျောင်းသူစာရင်းကို အခြေခံပြီး မကွေးတိုင်း ဒေသကြီးအတွင်း မြို့နယ် (၂၁) မြို့နယ် ရှိ အခြေခံပညာကျောင်း (၂,၁၀၇) ကျောင်း၌ KG ကျောင်းသား၊ ကျောင်းသူ(၂၉,၅၀၂) ဦးအား ဆောင်ရွက်သွားမှာ ဖြစ်ပြီး ရန်ပုံငွေများကိုလည်း ခွဲဝေချထားပြီး ဖြစ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ၏ ကျန်းမာရေး အဆင့်အတန်း မြင့်မားတိုးတက်လာစေရန်နဲ့ ကျန်းမာရေးနှင့် ညီညွတ်သော လူနေမှုဘဝပုံစံများ သိရှိကျင့်သုံး စွဲမြဲစေရန် ကျန်းမာရေးအဆင့်မြင့် ကျောင်းလုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိတဲ့အပြင် နှစ်စဉ် ဩဂုတ်လ ဒုတိယအပတ်ကို ကျောင်း ကျန်းမာရေးသီတင်းပတ်အဖြစ် သတ်မှတ်ပြီး အထိမ်းအမှတ် အခမ်းအနားများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ (၂၀၂၅-၂၀၂၆) ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ် လှုပ်ရှားမှု အထိမ်းအမှတ် ဆောင်ပုဒ်ဖြစ်သည့် “လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးဖို့ ကျောင်းကျန်းမာရေး မြှင့်တင်စို့” ဆိုသည့် အတိုင်း ဗလငါးတန်နဲ့ ပြည့်ဝတဲ့ ကျောင်းသားလူငယ်များ ဖြစ်ပေါ်လာနိုင်ရေးအတွက် ကျန်းမာရေးအဆင့်မြှင့်ကျောင်း လုပ်ငန်းစဉ်များကို ကျန်းမာရေးဝန်ထမ်း များနဲ့ ပညာရေးဝန်ထမ်းများ အနေဖြင့် နှီးနွယ်ဌာနများရဲ့ ပံ့ပိုးကူညီမှုများနဲ့ အတူ ရည်မှန်းချက်များ အောင်မြင်သည်အထိ အရှိန်အဟုန်မြှင့်တင်၍ ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်ကျောင်းကျန်းမာရေးသီးတင်းပတ် Video Clip ကိုပြသပြီး၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲတွင် (အထက်တန်းအဆင့်) ဆုရရှိသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်က လည်းကောင်း၊ အလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲတွင် ဆုရရှိသူများအား တိုင်းဒေ သကြီးမိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်ဝင်းဝင်းမြင့်က လည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ပေးအပ်ခဲ့သည်။
ထို့နောက် ကျောင်းသားကျောင်းသူလေးများက ကျန်းမာရေးဆိုင်ရာ တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ရာ အထက(၁)မကွေးမှ ကျောင်းသား/ကျောင်းသူများက စုံအောင်စားကြစို၊ အလက - လေ့ကျင့်ရေးကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက လက်ဆေးကြပါစို့၊ အထက (၂)မကွေးမှ ကျောင်းသား/ကျောင်းသူလေးများက တစ်ကိုယ်ရေသန့်ရှင်းကျန်းမာခြင်း စသည့် သီချင်း များဖြင့် တေးသရုပ်ဖော် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး၊ ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ကျောင်းသား/ ကျောင်းသူ လေးများအား တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေနှင့် အမှတ်တရ ဂုဏ်ပြု လက်ဆောင်များ ချီးမြှင့်ပေးခဲ့သည်။
အခမ်းအနားအပြီးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါ ခန်းမ အတွင်း အခြေခံပညာကျောင်းများမှ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုဆိုင်ရာ ခင်းကျင်း ပြသထားမှုနှင့် ကျောင်းကျန်းမာရေးဆောင်ရွက်ပေးနေမှုများအား လှည့်လည် ကြည့်ရှုခဲ့ကြောင်း သိရှိ ရသည်။