မကွေး သြဂုတ် ၈
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မင်းဘူးမြို့ကျက်သရေဆောင် သာသနာ့ ဗိမာန်သို့သွားရောက်ပြီး ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံကာ မြို့ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု၊ သာသနာ့ဗိမာန်တော်ကြီးတွင် ဘာသာရေးဆိုင်ရာ ပွဲအခမ်း အနားများ စဉ်ဆက်မပြတ် ကျင်းပပြုလုပ်နိုင်ရေးနှင့် သာသနာ့ဗိမာန်တော်ကြီး ရည်ရှည် တည်တံ့ ခိုင်မြဲရေး အတွက် မတည်ငွေများ ထည့်ဝင်လှူဒါန်းပေးနိုင်ရေး ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေပြီး ဒေသ ဖွံ့ဖြိုးရေးတင်ပြမှုများပေါ် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မင်းဘူး-မကွေး ကားလမ်း မင်းဘူးမြို့ ရှုခင်းသာအနီးတွင် မြို့နယ်လမ်းဦးစီးဌာနက လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ၊ ကျောက်စီမြေထိန်းနံရံနှင့် ကျောက်စီရေမြောင်း ဆောင်ရွက်နေမှုလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးပြီး လုပ်ငန်းများအားလုံး သတ်မှတ်အရည်အသွေးပြည့်မီစွာဆောင်ရွက်ရေးနှင့် အခြား လိုအပ် သည်များကို မှာကြား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။