မကွေး ဩဂုတ် ၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ဒေသတွင်း အသေးစားကုန်ထုတ် လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဖွင့်လှစ် ဆောင်ရွက်ခဲ့သည့် သင်တန်းများမှ လုပ်ငန်းထူထောင်မည့် သင်တန်းသူ ၂၅ ဦးအား ဒေသဖွံ့ဖြိုးရေး လုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲ အခမ်းအနားကို ဩဂုတ်လ ၈ ရက် နံနက်ပိုင်းက မင်းဘူးမြို့ မင်းပူး ဦးဩဘာသမြို့နယ်ခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိ သူများနှင့် သင်တန်း သူများ တက်ရောက်ခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာစကားပြောကြားရာတွင် သမ ဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဆောင်ရွက် နေသော လုပ်ငန်းများသည် နိုင်ငံတော်က ချမှတ်ထားသော မူဝါဒများတွင် ပါဝင်သော MEME လုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေးကို တစ်ဖက်တစ်လမ်းမှ အကောင် အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနက မင်းဘူးခရိုင်၌ ဒေသတွင်း အသေးစားကုန်ထုတ် လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းကို အကောင် အထည်ဖော်ဆောင်ရွက်ပြီး သင်တန်းများ ဖွင့်လှစ်ပေးခဲ့ရာ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် လုပ်ငန်းရှင်(၁၅)ဦး၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေး နှစ်တွင် လုပ်ငန်းရှင်(၂၀)ဦး၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေး နှစ်တွင် လုပ်ငန်းရှင် (၂၅)ဦး စုစုပေါင်း လုပ်ငန်းရှင် (၆၀)ဦးကို မွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ယခုလို အသေးစား ကုန်ထုတ် လုပ်ငန်းများ ထူထောင် ပေးခြင်းအားဖြင့် ကျေးလက်နေပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းများကိုပါ ဖန်တီးပေးနိုင်မည် ဖြစ်ပြီး ကျေးလက်နှင့် မြို့ပြနေပြည်သူ များ၏ ဝင်ငွေတိုးပွားရေးကို အထောက် အကူဖြစ်စေမည်ဖြစ် ကြောင်း၊ တိုင်းဒေသကြီးအတွင်း၌ ခေတ်မီစံပြကျေးရွာဖော်ဆောင်၍ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးရေးအတွက် အဆိုပါစီမံကိန်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် နိုင်ငံတော် အစီအစဉ်ဖြင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ရန်ပုံငွေအကုန်ကျခံကာ ခွင့်ပြုဆောင်ရွက်ပေးခဲ့ ခြင်းဖြစ်ကြောင်း ယခုထောက်ပံ့ပေးခဲ့သော ရင်းနှီး မတည်ပစ္စည်းများဖြင့် ကိုယ်ပိုင် လုပ်ငန်းငယ်များကို ထူထောင်ပေးနိုင် ခဲ့သည့်အတွက် ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတွင်း အလုပ် အကိုင် အခွင့်အလမ်းများနှင့် မိသားစုဝင်ငွေတိုးပွားရေးကို များစွာ အထောက်အကူပြုစေမှာ ဖြစ်တာ ကြောင့် မိမိတို့ဒေသ၌ တတ်စွမ်းသည့် ပညာရပ်များကို အသုံးချပြီး လုပ်ငန်းများ ရေရှည်လည်ပတ် ဖွံ့ဖြိုးတိုးတက်အောင် အားလုံးပူးပေါင်းကာ တက်ညီလက်ညီဖြင့် ကြိုးစားလုပ်ဆောင် သွားကြစေလိုကြောင်း ပြောကြား သည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကျေးလက်နေမိသားစု ဝင်ငွေ တိုးရေးစီမံကိန်းဖြင့် ဖွင့်လှစ်ခဲ့သည့် သင်တန်းများမှ ကိုယ်ပိုင်လုပ်ငန်းထူထောင်မည့် သင်တန်းသူ ၂၅ ဦးအား ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများပေးအပ်ကာ သင်တန်းများဖွင့်လှစ် ဆောင်ရွက်ပေးမှု အပေါ် သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မင်းဘူးခရိုင် အသေးစားစက်မှု လက်မှု လုပ်ငန်းဦးစီးဌာနက ကြီးမှူး၍ စီမံကိန်းကျေးရွာ (၅)ရွာ၌ ဖွင့်လှစ်ခဲ့သည့် သင်တန်းများ အနက် စက်ချုပ်သင်တန်း (၂)ခုမှ သင်တန်းသူ ၁၀ ဦး၊ စားသောက်ကုန်သင်တန်း (၃)ခုမှ သင်တန်းသူ ၁၅ ဦး စုစုပေါင်း ထူးချွန်သင်တန်းသူ ၂၅ ဦးအား စိစစ်ရွေးချယ်ပြီး ကုန်ကြမ်းဖိုး ငွေကျပ်နှစ်သိန်း ထည့်ဝင် စေကာ ကိုယ်ပိုင်လုပ်ငန်းများထူထောင်ရန်အတွက် ဌာနမှ တစ်ဦးလျှင် ငွေကျပ် ၁၈ သိန်းနှင့် ညီမျှသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံး စက်ပစ္စည်းများကို ရာသက်ပန်သုံးဆွဲခွင့်ပြုပေးခဲ့ပြီး အသေး စားလုပ်ငန်းရှင်များဖြစ်အောင် လုပ်ငန်းမှတ်ပုံတင်များ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။