မကွေး သြဂုတ် ၃
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် သည် အဖွဲ့ဝင်ဝန်ကြီးများနှင့် အတူ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါကာ သြဂုတ်လ ၂ ရက်နေ့ နံနက်ပိုင်းက အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် မွှန်းညောင်ပင်သာဆိုလာလျှပ်စစ်မြစ်ရေတင်စီမံကိန်း ဧက(၇၀၀) လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှု ကြည့်ရှုစစ်ဆေးကာ ဒေသခံတောင်သူများနှင့် တွေ့ဆုံ ခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့သည် ဆင်ပေါင်ဝဲမြို့နယ် မွှန်းညောင် ပင်သာဆိုလာလျှပ်စစ်မြစ်ရေတင်စီမံကိန်းသို့ ရောက်ရှိပြီး စီမံကိန်းရှင်းလင်းဆောင်တွင် တိုင်းဒေသ ကြီးဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်) ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဦးနှင့် တာဝန်ရှိသူတို့က မွန်းညောင်ပင်သာကျေးရွာအုပ်စု၊ ကွင်းအမှတ်(၄၃၂)၊ (၄၃၃)၊ (၆၇၁) နှင့် (၆၇၂)တို့ရှိ လယ်မြေ(၂၀၀)ဧက၊ ယာမြေ(၅၀၀)ဧက စုစုပေါင်း (၇၀၀)ဧကအား သီးနှံစိုက် စွမ်းအားနှင့် သီးနှံအထွက်နှုန်း မြင့်မားလာစေရေးအတွက် ဧရာဝတီမြစ်မှ ရေကို ရေစုပ်စက်ဖြင့် စုပ်တင်ပြီး မိုးသီးနှံ နှင့် နွေသီးနှံကို ဒေသခံ တောင်သူများ စိုက်ပျိုးလာနိုင်စေရန် မွှန်းညောင်ပင်သာ ဆိုလာလျှပ်စစ် မြစ်ရေတင်စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့် ၂၀၂၅- ၂၀၂၆ မိုးရာသီတွင် စပါး (၂၀၀)ဧကနှင့် အခြားသီးနှံ (၁၀၀)ဧကကို စိုက်ပျိုးရေပေးဝေနိုင်ရန် လျာထား ဆောင်ရွက်မှု အခြေ အနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က စိုက်ဧက ပြည့်မီစွာ ရေပေးဝေစိုက်ပျိုးနိုင်ရေး အလေးထား ဆောင်ရွက်ရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားကာ၊ ဒေသခံတောင်သူများနှင့် တွေ့ဆုံခဲ့သည်။
တွေ့ဆုံစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက် (၅)မိုင်အတွင်း ပဏာမကွင်းဆင်းလေ့လာပြီး အကောင်အထည်ဖော် ဆောင်ရွက်သော မြစ်ရေတင်စီမံကိန်းတစ်ခု ဖြစ်ပြီး၊ မွန်းညောင်ပင်သာကျေးရွာအုပ်စု အတွင်းရှိ လယ်ယာမြေ (၇၀၀)ဧကအား ဧရာဝတီမြစ်မှ ရေကို စုပ်တင်၍ တစ်နှစ်ပတ်လုံး ရေသွင်း စိုက်ပျိုးနိုင်ရန် ရည်ရွယ်ကြောင်း၊ နှစ်စဉ် စိုက်ပျိုးလျှက် ရှိသော မိုးသီးနှံစိုက်ပျိုးချိန်တွင် ရာသီဥတု ပြောင်းလဲလာခြင်းတို့ကြောင့် စတင်စိုက်ပျိုးချိန်တွင် မိုးမရွာခြင်း၊ မိုးရေရ၍ စိုက်ပျိုးထားသော်လည်း သီးနှံများဖြစ်ထွန်းချိန်တွင် မိုးရွာသွန်းမှုမရှိခြင်း ကြောင့် သီးနှံပျက်စီးခြင်း၊ သီးနှံအောင်ရေလိုအပ်ချိန်တွင် မိုးမရွာခြင်း စသည့် ကြုံတွေ့နေရသည့် အခက်အခဲများကို ဖြေရှင်းနိုင်မည်ဖြစ်ပြီး၊ ဆောင်းသီးနှံ၊ နွေသီးနှံတို့ကိုပါ တိုးတက်စိုက်ပျိုးလာနိုင် ခြင်းကြောင့် စိုက်ပျိုး ထုတ်လုပ်မှု ပိုမိုမြင့်မားလာပြီး ဒေသ၏ စားရေရိက္ခာ ဖူလုံစေမည့်အပြင် ဒေသခံ ပြည်သူများ၏ လူမှုစီးပွားဘဝ အဆင့်အတန်းများ တိုးတက်ရေးကို အထောက်အကူပြုရန်နှင့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက် ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (၂၀၁၈-၂၀၃၀)”၏ လုပ်ငန်းစဉ်များကို တစိတ်တစ်ဒေသအားဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း လည်းဖြစ်ပါကြောင်း၊ တောင်သူများအနေနဲ့ မိမိတို့ စိုက်ပျိုးသည့် သီးနှံများ ဈေးကောင်းရရှိရန် မျိုးကောင်းမျိုးသန့်များကို ရွေးချယ်စိုက်ပျိုးဖို့ လိုအပ်သလို စပါးတစ်ဧကလျှင် တင်း(၁၅၀)ထိ ထွက်ရှိနိုင်ပြီး၊ တစ်ဧက ဝင်ငွေပိုမိုရရှိနိုင်သော စပါးမျိုးများကို ရွေးချယ်စိုက်ပျိုးကြရန် လိုအပ် ပါကြောင်း၊ ယခုဆောင်ရွက်လျက်ရှိသော မွှန်းညောင် ပင်သာဆိုလာလျှပ်စစ်ရေတင်စီမံကိန်းသည် နိုင်ငံတော် အတွက် အကျိုးဖြစ်ထွန်းမည့် နှစ်ရှည်စီမံကိန်း တစ်ခုဖြစ်ပြီး နိုင်ငံတော်အကြီး အကဲ၏ လမ်းညွှန်မှုဖြင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့် ဆိုလာစွမ်းအင်တွဲဘက် အသုံးပြုခြင်းဖြစ်သည့် အတွက် လျှပ်စစ်ဓာတ်အားခ ကုန်ကျစရိတ်လည်း လျော့နည်း သက်သာကြောင်း၊ မွှန်းညောင်ပင် သာကျေးရွာ အုပ်စုဒေသရှိ စိုက်ပျိုးမြေ(၇၀၀)ဧကကို ရေသွင်းစိုက် ပျိုးစေခြင်းဖြင့် စပါးနှင့် အခြား သီးနှံများ သီးထပ်၊ သီးညှပ် တိုးချဲ့စိုက်ပျိုးကာ သီးထပ်စွမ်းအားနှင့် သီးနှံအထွက်နှုန်းများ တိုးတက်ရရှိ လာစေမှာ ဖြစ်ပါကြောင်းနှင့် ဒေသဝမ်းစာဖူလုံရေးနှင့် ဒေသစိမ်းလန်း စိုပြေစေရေး အတွက် အထောက်အကူပြုစေနိုင်ယုံ သာမက ဒေသတွင်း တောင်သူတစ်ဦးခြင်း၏ ဝင်ငွေလည်း တိုးတက် လာစေမှာဖြစ်ကြောင်း ပြောကြားကာ၊ ဒေသခံများ၏ စိုက်ပျိုးရေးနည်းပညာ ပိုင်းဆိုင်ရာ လိုအပ်မှု ဆွေးနွေးတင်ပြချက်များ အပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆက်စပ်ဌာနများ နှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး၊ စီမံကိန်းဧရိယာအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
အဆိုပါ မွှန်းညောင်ပင်သာ ဆိုလာလျှပ်စစ်မြစ်ရေတင်စီမံကိန်းအား ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှ စတင်၍ ခွင့်ပြုရန်ပုံငွေ (၄၉၀၀.၀၀၀)သန်းဖြင့် အကောင်အထည်ဖေါ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊ ဆိုလာလျှပ်စစ်မြစ်ရေတင် စီမံကိန်း ဆောင်ရွက်ခဲ့သည့်အတွက် ဒေသရှိ စိုက်ပျိုးမြေ ဧက(၇၀၀)ကို ရေသွင်း စိုက်ပျိုးစေခြင်းဖြင့် စပါးနှင့် အခြားသီးနှံများ သီးထပ်သီးညှပ် တိုးချဲ့စိုက်ပျိုးကာ သီးထပ် စွမ်းအားနှင့် သီးနှံအထွက်နှုန်းများ တိုးတက်လာစေပြီး၊ ဒေသဆန် ဖူလုံရေးနှင့် ဒေသစိမ်းလန်း စိုပြေ ရေးအတွက် အထောက်အကူပြုစေနိုင် ယုံသာမက ဒေသတွင်း တောင်သူတစ်ဦးခြင်း၏ ဝင်ငွေများ လည်းတိုးတက်ရရှိမည်ဖြစ်ကြောင်း သိရှိရသည်။