မကွေး သြဂုတ် ၁
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့် အတူ တိုင်းဒေသ ကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါကာ သြဂုတ်လ ၁ ရက်နေ့နံနက်ပိုင်းက မကွေးမြို့နယ် ရှားပင်လှကျေးရွာအနီးတွင် ဆောင်ရွက်လျက်ရှိသည့် ဥစားကြက်မွေးမြူရေးဇုန်နှင့် စနစ်ကျလယ်ယာမြေ ဖော်ထုတ်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးသည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် မကွေးမြို့နယ် ရှားပင် လှကျေးရွာအနီး ဥစားကြက်မွေးမြူရေးဇုန်နှင့် စနစ်ကျလယ်ယာမြေ ဖော်ထုတ်ခြင်းလုပ်ငန်းခွင်သို့ ရောက်ရှိပြီး၊ ယာယီရှင်းလင်းဆောင်တွင် ဥစားကြက်မွေးမြူရေးဇုန် လုပ်ငန်းဆောင်ရွက်မှု အခြေ အနေများနှင့် ပတ်သက်၍ သက်ဆိုင်ရာဌာန တာဝန်ရှိသူများနှင့် တည်ဆောက်ရေးလုပ်ငန်း တာဝန်ရှိ သူများမှ မကွေးမြို့နယ်အတွင်း အသားကဏ္ဍဖူလုံစေဖို့ ဘေးအန္တရာယ်ဖြစ်စေသည့် အသားငါးများ လျော့နည်းစေဖို့အတွက် ရှားပင်လှကျေးရွာအနီး မြေဧက(၄၈.၀၆)ဧကပေါ်တွင် ဥစားကြက် မွေးမြူ ရေးဇုန် အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ မွေးမြူရေးလုပ်ငန်းရှင် (၁၂) ဦးမှ တစ်ဦးလျှင် ဥစားကြက် အကောင်ရေ(၃၀၀၀)ဖြင့် စတင် အကောင်အထည်ဖော် ဆောင်ရွက်မှုနှင့် လက်ရှိ(၇၀) ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား လည်းကောင်း၊ ဧက(၁၅၀)စနစ်ကျလယ်ယာမြေ ဖော်ထုပ်ခြင်း ဆိုင်ရာများအား စက်မှုလယ်ယာဦးစီးဌာန တာဝန်ရှိသူများမှ စနစ်ကျလယ်ယာမြေ ဖော်ထုတ်ရေးအဖွဲ့မှ တိုင်းတာခြင်း၊ ကွင်းဒီဇိုင်းမြေပုံထုတ်ခြင်း၊ တောင်သူများနှင့် ကွင်းအတည် ပြုချက်များ ရယူခြင်းဆိုင်ရာ များ၊ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ပတ်သက်၍ လည်းကောင်း ရှင်းလင်းတင်ပြခဲ့ ကြသည်။
ထို့နောက် တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးဝန်ကြီးချုပ်က စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မကွေးမြို့ နယ် ရှားပင်လှကျေးရွာအုပ်စုရှိ သမဝါယမအသင်းပိုင် မြေပေါ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေး အထူးဇုန်နှင့် ဧက(၁၅၀)စနစ်ကျလယ်ယာမြေ ဖော်ထုပ်ခြင်းဖြစ်ကြောင်း၊ စက်မှုလယ်ယာစနစ်ကျ လယ်မြေဖော်ထုတ်ရာမှာ ပုံသဏ္ဍာန်အမျိုးမျိုး၊ အရွယ်အစားအမျိုးမျိုးနဲ့ တည်ရှိနေတဲ့ သမားရိုးကျ လယ်ကွက်ငယ်များအား ရေသွင်းမြောင်း၊ ရေနုတ်မြောင်းများ၊ ကုန်ထုတ်လမ်းများနဲ့ လယ်ဆင်းလမ်း များပါဝင်ပြီး အတိုင်းအတာအရွယ်အစား တိကျမှန်ကန်တဲ့ လယ်ကွက်ကျယ်များ ဖြစ်ပေါ်လာစေဖို့ ဖော်ထုတ်ပေးခြင်းဖြစ်ပြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထူးဇုန် အကောင်အထည်ဖော်ဆောင်ရွက် ပြီးစီးပါက တစ်နှစ်ပတ်လုံးစိုက်ပျိုးရေ လုံလောက်စွာရရှိ၍ စိုက်ပျိုးသီးနှံများ တစ်နှစ်ကို(၃)သီး စိုက်ပျိုးနိုင်ကာ ပန်းတိုင်အထွက်နှုန်းများလည်း ရရှိမှာဖြစ်တဲ့အတွက် လုပ်ငန်းများ အန္တရာယ် ကင်းရှင်းစွာဖြင့် အမြန် ပြီးစီးရေး ကြိုးစားဆောင်ရွက်ကြရန် မှာကြားခဲ့ပြီး၊ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့်ပတ်သက်၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ၊ လုပ်ငန်း ခွင်အတွင်း ဆောင်ရွက်နေမှုအား လှည်လည် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။