မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့နယ် မိချောင်းရဲကျေးရွာအုပ်စုရှိ ဆိပ်သာ ဆိုလာစနစ်ရေတင်စီမံကိန်းလုပ်ငန်း ကြည့်ရှုစစ်ဆေးကာ၊ ဒေသခံတောင်သူများနှင့် တွေ့ဆုံ

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့နယ် မိချောင်းရဲကျေးရွာအုပ်စုရှိ ဆိပ်သာ ဆိုလာစနစ်ရေတင်စီမံကိန်းလုပ်ငန်း ကြည့်ရှုစစ်ဆေးကာ၊ ဒေသခံတောင်သူများနှင့် တွေ့ဆုံ

မကွေး   ဇူလိုင်   ၃၀

          မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့် အတူ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါကာ ဇူလိုင်လ ၂၇ ရက်နေ့ မွန်းလွဲပိုင်းက မကွေးမြို့နယ် မိချောင်းရဲကျေးရွာအုပ်စုရှိ ဆိပ်သာ ဆိုလာစနစ်ရေတင်စီမံကိန်း လုပ်ငန်း ကြည့်ရှုစစ်ဆေးကာ၊ ဒေသခံတောင်သူများနှင့် တွေ့ဆုံခဲ့သည်။

          ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့သည် ဆိပ်သာ ဆိုလာစနစ်ရေတင် စီမံကိန်းလုပ်ငန်း ရှင်းလင်းဆောင်တွင် တိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီး ဌာန(ရေအရင်းအမြစ်) ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဦးနှင့် တာဝန်ရှိသူတို့က ဆိပ်သာဆိုလာ လျှပ်စစ် မြစ်ရေတင်လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့် မိချောင်းရဲဒေသရှိ စိုက်ပျိုးမြေ ဧက(၂၀၀)အား စိုက်ပျိုးရေပေးဝေဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး၊ တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က စိုက်ဧကပြည့်မီစွာ ရေပေးဝေစိုက်ပျိုးနိုင်ရေး အလေးထား ဆောင်ရွက်ရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားကာ၊ မိချောင်းရဲ ဒေသခံတောင်သူ များနှင့် တွေ့ဆုံခဲ့သည်။

          တွေ့ဆုံစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ဆိပ်သာဆိုလာလျှပ်စစ်မြစ်ရေတင် စီမံကိန်း ဧက(၂၀၀) အတွင်းရှိ ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ စိုက်ပျိုးဆောင်ရွက်ရန် စိုက်ကွက် များ ဖော်ဆောင်၍ ခွဲ့ဝေပေးထားသည့် စိုက်ကွက်များအတွင်း စိုက်ပျိုးရေ ပေးဝေမှုနှင့် စပါးစိုက်ပျိုးမှု အခြေအနေများကို တောင်သူများအား မေးမြန်းကာ၊ မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးကို အခြေခံတဲ့ နိုင်ငံ တစ်ခုဖြစ်သလို မကွေးတိုင်းဒေသကြီးဟာလည်း စိုက်ပျိုးရေးကို အခြေခံတဲ့ ဆီထွက်သီးနှံ အများဆုံး စိုက်ပျိုးထုတ်လုပ်ရာ တိုင်းဒေသကြီးတစ်ခုဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးရေးဟာ နိုင်ငံ၏ ကြောရိုးသဖွယ် အရေးပါတဲ့ ကဏ္ဍတစ်ခုဖြစ်သည့်အတွက် မိချောင်ရဲဒေသမှ တောင်သူများ ကြီးပွား တိုးတက် အဆင်ပြေစေရန် ယခုဆိုလာလျှပ်စစ်မြစ်ရေတင် စီမံကိန်းကို ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း၊ အဓိကကျသည့် စိုက်ပျိုးရေလုံလောက်စွာ ရရှိစေရန်အတွက် ဆိုလာလျှပ်စစ် မြစ်ရေတင်လုပ်ငန်းကို ဆောင်ရွက်ပေးခြင်းလည်းဖြစ်ကြောင်း၊ ယခုဆောင်ရွက်လျက်ရှိသော ဆိပ်သာဆိုလာလျှပ်စစ်ရေတင် စီမံကိန်းသည် နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းမည့် နှစ်ရှည်စီမံ ကိန်းတစ်ခုဖြစ်ပြီး နိုင်ငံတော်အကြီး အကဲ၏ လမ်းညွှန်မှုဖြင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့် ဆိုလာစွမ်းအင် တွဲဘက် အသုံးပြုခြင်းဖြစ်သည့်အတွက် လျှပ်စစ်ဓာတ်အားခ ကုန်ကျစရိတ်လည်း လျော့နည်း သက်သာကြောင်း၊ မိချောင်းရဲကျေးရွာအုပ်စုဒေသရှိ စိုက်ပျိုးမြေ(၂၀၀)ဧကကို ရေသွင်း စိုက်ပျိုးစေခြင်းဖြင့် စပါးနှင့် အခြားသီးနှံများ သီးထပ်၊ သီးညှပ် တိုးချဲ့စိုက်ပျိုးကာ သီးထပ်စွမ်းအားနှင့် သီးနှံအထွက်နှုန်းများ တိုးတက်ရရှိလာစေမှာ ဖြစ်ပါကြောင်း၊ တောင်သူများအနေဖြင့် စိုက်ပျိုး သီးနှံများ ဖြစ်ထွန်းအောင်မြင်စေရန်နှင့် ရေကိုချွေတာ သုံးစွဲနိုင်ရန်အတွက် ရာသီအလိုက် စိုက်ပျိုး သီးနှံများကို သတ်မှတ်ချိန်အတွင်း အပြီးစိုက်ပျိုးရန် လိုအပ် ကြောင်း၊ သီးနှံအထွက်တိုးရန် အတွက် မျိုးကောင်း မျိုးသန့်များ သုံးစွဲရန် လိုအပ်ပြီး မျိုးကောင်းမျိုးသန့် ရရှိရေးနှင့် နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်များကိုလည်း စိုက်ပျိုးရေး ဦးစီးဌာနမှ စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ တောင်သူ များအနေဖြင့် နွေ၊ မိုး၊ ဆောင်း ရာသီသီးနှံများ အောင်မြင်စွာ စိုက်ပျိုးနိုင်ရေးအတွက် ကြိုးစားဆောင်ရွက် သွားကြစေလိုကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းစဉ်များအပေါ် ဒေသရေမြေ သဘာဝနှင့်လျော်ညီစွာ နည်းစနစ်တကျ အမှန်တကယ် လက်တွေ့လိုက်နာ ကျင့်သုံးခြင်းဖြင့် ပိုမို ဖွံ့ဖြိုးတိုးတက်သည့် လယ်ယာကဏ္ဍ ဖော်ဆောင်နိုင်မှာ ဖြစ်ကြောင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တတ်နိုင်သည့် ဘက်မှ အစဉ်အမြဲ ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားကာ၊ ဒေသခံတောင်သူများ၏ ဒေသဖွံ့ဖြိုး ရေးတင်ပြချက်များအပေါ် လိုအပ်သည်များအား ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး၊ ဆိပ်သာ ဆိုလာစနစ်ရေတင် စီမံကိန်းလုပ်ငန်းမှ စိုက်ပျိုးရေဖြန့်ဝေပေးမှု အခြေ အနေနှင့် မိချောင်းရဲ ဒေသသီးနှံစိုက်ပျိုးခင်းများ အောင်မြင်ဖြစ်ထွန်း နေမှုအား ကြည့်ရှုစစ်ဆေးသည်။

မကွေးမြို့နယ်သည် ပူပြင်းခြောက်သွေ့ပြီး အလယ်ပိုင်း မိုးနည်းရေရှားဒေသတွင် ပါဝင်၍ နှစ်စဉ် ပျမ်းမျှ မိုးရေချိန်(၂၉)လက်မခန့်သာ ရရှိခဲ့သည့်အတွက် နှစ်စဉ်သီးနှံစိုက်ပျိုးရာတွင် သဘာဝ မိုးရေကို သာအဓိက မှီခိုအားထား စိုက်ပျိုးရသဖြင့် တစ်နှစ်လျှင်(၂)သီးသာ စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ဆိပ်သာ ဆိုလာစနစ်ရေတင်စီမံကိန်းအား ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှ စတင်၍ ခွင့်ပြုရန်ပုံငွေ (၂၇၀၄.၀၀) သန်းဖြင့် အကောင်အထည်ဖေါ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊ မိချောင်းရဲဒေသတွင် ဆိုလာလျှပ်စစ် မြစ်ရေတင် စီမံကိန်း ဆောင်ရွက်ခဲ့သည့်အတွက် ဒေသရှိ စိုက်ပျိုးမြေ ဧက(၂၀၀)ကို ရေသွင်း စိုက်ပျိုးစေခြင်းဖြင့် စပါးနှင့် အခြားသီးနှံများ သီးထပ်သီးညှပ် တိုးချဲ့စိုက်ပျိုးကာ သီးထပ် စွမ်းအားနှင့် သီးနှံအထွက်နှုန်းများ တိုးတက်လာစေပြီး၊ ဒေသဆန် ဖူလုံရေးနှင့် ဒေသစိမ်းလန်း စိုပြေရေးအတွက် အထောက်အကူပြုစေနိုင် ယုံသာမက ဒေသတွင်း တောင်သူတစ်ဦးခြင်း၏ ဝင်ငွေများလည်း တိုးတက် ရရှိမည်ဖြစ်ကြောင်း သိရှိရသည်။

နောက်ဆုံးရ သတင်း