မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မင်းလှမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၏ နွေရာသီဘင်ခရာသင်တန်းဆင်းပွဲ အခမ်းအနား တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မင်းလှမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၏ နွေရာသီဘင်ခရာသင်တန်းဆင်းပွဲ အခမ်းအနား တက်ရောက်

မကွေး ဇူလိုင် ၂၇

          မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှ‌မြို့အခြေခံပညာအထက်တန်းကျောင်း၏ ဘင်ခရာသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မင်းလှမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်သည်။

          ဦးစွာ မင်းလှမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက မြန်မာ့ကျောင်း သီချင်းဖြင့် သီဆို၍ အခမ်းနားကိုဖွင့်လှစ်ခဲ့ပြီး မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာစကားပြောကြားရာတွင် မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ်၊ အ‌ခြေခံ ပညာအထက်တန်းကျောင်း ဘင်ခရာသင်တန်းကို ပထမဆုံးဖွင့်လှစ်နိုင်ပြီး ကျောင်း၏ ကိုယ်ပိုင် ဘင်ခရာအဖွဲ့ ဖွဲ့စည်းနိုင်ပြီဖြစ်လို့ ဝမ်းသာဂုဏ်ယူမိပါကြောင်း “ဘင်ခရာ”ဟူသော ဝေါဟာရသည် “ဘင်” နှင့် “ခရာ” ခေါ် တူရိယာ(၂)မျိုးကို အလိုက်သင့်တွဲခေါ်ထားခြင်းဖြစ်ကြောင်း၊ “ဘင်” သည် အနောက်နိုင်ငံသုံး တီးစရာတူရိယာဖြစ်ပြီး၊ “ခရာ”သည် မှုတ်စရာ တူရိယာဖြစ်ကြောင်း၊ ဘင်ခရာ အဖွဲ့၏ သဘောသဘာဝ၊ အသင်းစိတ်ဓာတ်နှင့် အသင်းစည်းလုံးညီညွတ်မှု၊ ဇွဲရှိမှု၊ စိတ်အား ထက်သန် မှုများက အရေးကြီးကြောင်း၊ စုပေါင်းတီးမှုတ်လှုပ်ရှားခြင်းဖြင့် အများနှင့် လိုက်လျော ညီထွေပြုမှု ဆောင်ရွက်တတ်စေကြောင်း၊ စစ်ရေးပြနှင့် ဂီတပေါင်းစပ်ထားသဖြင့် စိတ်ပိုင်းဆိုင်ရာ တက်ကြွမှု၊ ပျော်ရွှင်မှုများဖြစ်ပေါ်စေကြောင်း၊ အသင်းအဖွဲ့လှုပ်ရှားမှုဖြစ်သဖြင့် ဟန်ချက်ညီစွာ လှုပ်ရှားနိုင်စွမ်း ရှိပြီး ဂီတရသကို သိရှိခံစားစေကာ ဗလငါးတန် ပြည့်စုံမှုကို ဦးတည်ကြောင်း၊ ဘင်ခရာ အဖွဲ့စဉ်ဆက် မပြတ် ဆက်လက်ရှင်သန်အောင်ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီးပညာရေးမှူး ဒေါက်တာကျော်စိုးနိုင်က ကျေးဇူးတင်စကား ပြန်လည် ပြောကြားကာ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဘင်ခရာအဖွဲ့ဝင် ကျောင်းသား/ ကျောင်းသူ များအား သင်တန်းဆင်းလက်မှတ်နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ပေးအပ်ခဲ့သည်။

          ထို့နောက် မင်းလှမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ဘင်ခရာအဖွဲ့ဝင် ကျောင်းသား/ ကျောင်းသူလေးများက "စည်းလုံးခြင်းအတွက်သီချင်းတစ်ပုဒ်" သီချင်းဖြင့်လည်းကောင်း၊ အခြေခံ ပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူလေးများက " ဇာတိမာန် " သီချင်းဖြင့်လည်းကောင်း သီဆို ဖျော်ဖြေတင်ဆက်ကာ၊ ဖျော်ဖြေခဲ့သည့် ဘင်ခရာအဖွဲ့နှင့် ကျောင်းသား/ ကျောင်းသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေများချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

          ဆက်လက်ပြီး အဆိုပါခန်းမ၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှိုက်ခွဲခြား စွန့်ပစ်ခြင်း ဆိုင်ရာ အသိပညာပေးလုပ်ငန်းအဖြစ် အမှိုက်ခြောက်၊ အမှိုက်စို၊ အန္တရာယ်ရှိသော အမှိုက်နှင့် ပလတ် စတစ်အိတ်အမှိုက် ခွဲခြားစွန့်ပစ်နည်းကို စနစ်တကျခွဲခြား၍ စွန့်ပစ်ရန်နှင့် အမှိုက်ပုံး အရောင် သတ်မှတ်ခြင်းတို့ကို ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး လက်တွေ့သရုပ် ပြသ ဆောင်ရွက်နေမှုကို တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့များက အားပေးကြည့်ရှုကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားခဲ့သည်။

 

နောက်ဆုံးရ သတင်း