မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် အနန္တစေတနာဖောင်ဒေးရှင်း(ရန်ကုန်)၏ စက္ခုအလင်း ဒါန ကုသိုလ်ပြု အစီအစဉ်ဖြင့် မျက်စိအတွင်းတိမ်လူနာများအား ဒုတိယအကြိမ် ခွဲစိတ်ကုသမှု အောင်ပွဲအခမ်းအနားသို့ တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် အနန္တစေတနာဖောင်ဒေးရှင်း(ရန်ကုန်)၏ စက္ခုအလင်း ဒါန ကုသိုလ်ပြု အစီအစဉ်ဖြင့် မျက်စိအတွင်းတိမ်လူနာများအား ဒုတိယအကြိမ် ခွဲစိတ်ကုသမှု အောင်ပွဲအခမ်းအနားသို့ တက်ရောက်

မကွေး ဇူလိုင် ၂၄

          အနန္တစေတနာဖောင်ဒေးရှင်း(ရန်ကုန်)၏ စက္ခုအလင်းဒါန ကုသိုလ်ပြု အစီအစဉ်ဖြင့် မျက်စိ အတွင်းတိမ်လူနာများအား ဒုတိယအကြိမ် ခွဲစိတ်ကုသမှု အောင်ပွဲအခမ်းအနားကို ဇူလိုင်လ ၂၄ ရက် ယနေ့နံနက်ပိုင်းက တိုင်းပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ၌ ကျင်းပရာ၊ သဲဖြူဆရာတော် ဘုရားကြီး ဒေါက်တာဘဒ္ဒန္တ ပညာဇောတ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီး များ၊ အနန္တစေတနာဖောင်ဒေးရှင်းမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ သင်ကြားရေးဆေးရုံကြီး(မကွေး)၊ ပြည်သူ့ဆေးရုံကြီး၊ မကွေးမြို့နှင့် ပြည်သူ့ဆေးရုံကြီး၊ မင်းဘူးမြို့တို့မှ ဆေးရုံအုပ်ကြီးများနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

          ဦးစွာ တက်ရောက်လာသည့် ဧည့်ပရိသတ်အပေါင်းတို့က နမောတဿ(၃)ကြိမ် ရွက်ဆို ပူဇော်၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး၊ သဲဖြူဆရာတော်ဘုရားကြီး ဒေါက်တာဘဒ္ဒန္တ ပညာဇောတ ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။

          ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ဂုဏ်ပြုဝမ်းမြောက်စကား ပြောကြား ရာတွင် အနန္တစေတနာဖောင်ဒေးရှင်း(ရန်ကုန်)က စက္ခုအလင်းဒါန ကုသိုလ်ပြုအစီအစဉ်နဲ့ မကွေး တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ မျက်စိအတွင်းတိမ်လူနာတွေကို သင်ကြားရေးဆေးရုံကြီး (မကွေး)၊ မကွေးပြည်သူ့ဆေးရုံကြီးနဲ့ မင်းဘူးပြည်သူ့ဆေးရုံကြီးတွေမှာ ပထမအကြိမ်အဖြစ် ၂၀၂၅-ခုနှစ် မတ်လမှာ လည်းကောင်း ယခုဒုတိယအကြိမ်ကို ၂၀၂၅-ခုနှစ် ဇွန်လနဲ့ ဇူလိုင်လမှာလည်းကောင်း ကုသိုလ်ပြု ခွဲစိတ်ကုသပေးနိုင်ပြီး ယနေ့မှာဆို ဒုတိယအကြိမ်ကို အောင်ပွဲပြုလုပ်နိုင်ပြီဖြစ်ပါကြောင်း၊ ပထမအကြိမ်ဆောင်ရွက်တဲ့နေရာမှာ သင်ကြားရေးဆေးရုံကြီး(မကွေး)မှာ (၇၄)ဦး၊ ပြည်သူ့ ဆေးရုံကြီး၊ မကွေးမြို့မှာ (၇၉) ဦးနဲ့ ပြည်သူ့ဆေးရုံကြီး၊ မင်းဘူးမှာ (၁၀၁)ဦး စုစုပေါင်း (၂၅၄) ဦးကို အောင်မြင်စွာ ခွဲစိတ်ကုသပေးနိုင်ခဲ့ပြီး၊ ဒုတိယအကြိမ်ဆောင်ရွက်တဲ့နေရာမှာ သင်ကြားရေး ဆေးရုံကြီး (မကွေး)မှာ (၁၀၉) ဦး၊ ပြည်သူ့ဆေးရုံကြီး(မကွေးမြို့)မှာ (၁၁၈)ဦးနှင့် ပြည်သူ့ဆေးရုံကြီး (မင်းဘူးမြို့)မှာ (၁၅၂)ဦး ၊ စုစုပေါင်း(၃၇၉)ဦးကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊           ယခုလို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ဩဝါဒပေးခဲ့ပါသော သဲဖြူနှင့် မဟာမြိုင် တောရဆရာတော် ဒေါက်တာဘဒ္ဒန္တပညာ ဇောတအား အထူးကျေးဇူးတင်ရှိပါကြောင်း ရိုသေစွာ ဦးခိုက် လျှောက်ထားအပ်ပါကြောင်း၊ ပထမအကြိမ်နဲ့ ဒုတိယအကြိမ်(၂)ကြိမ်ပေါင်း (၆၃၃)ဦးကို အောင်မြင်စွာ ခွဲစိတ်ကုသ ပေးနိုင်ခဲ့ပြီး ဖြစ်တဲ့ အတွက် အလှူရှင် အနန္တစေတနာဖောင်ဒေးရှင်းနဲ့ အတူ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၏ လမ်းညွှန်ချက်နှင့် အညီ ပူးပေါင်းအကောင်အထည် ဖော်ဆောင်ရွက်ပေးခဲ့ကြတဲ့ သင်ကြားရေးဆေးရုံးကြီး(မကွေး)၊ ပြည်သူ့ ဆေးရုံကြီး(မကွေးမြို့)နဲ့ ပြည်သူ့ဆေးရုံကြီး၊ မင်းဘူးမြို့က တာဝန်ရှိသူများအားလုံးကို ကျေးဇူးတင် ရှိပါကြောင်း၊ မျက်စိဝေဒနာရှင်တွေကို သွားရေး၊ လာရေး၊ စားရေး၊ သောက်ရေးက အစ လိုအပ်ချက်မရှိအောင် ကုသိုလ်ပြု ထောက်ပံ့ပေးတဲ့ ဖောင်းဒေရှင်းကို လည်း ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်ဖော်ပြအပ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်းက မျက်စိဝေဒနာရှင်များရဲ့ ကျန်းမာရေးကို ရှေးရှုလို့ ဆရာတော်ကြီးရဲ့ ဩဝါဒကို ခံယူပြီး ကျန်းမာရေး ဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နဲ့အညီ အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့တဲ့ အနန္တစေတနာ ဖောင်ဒေးရှင်းအား အနာဂတ်မှာလဲ ယခုလို့ လှူဒါန်းမှုမျိုးတွေ များစွာပြုလုပ်နိုင်ပါစေကြောင်း ဆုမွန် ကောင်းတောင်းအပ် ပါကြောင်းနှင့် မကွေးတိုင်းဒေသကြီးအတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ ပြည်သူ့များရဲ့ ကျန်းမာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးများအတွက် ဆောင်ရွက်လို့ပါက တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ ကြိုဆို ပါကြောင်း ပြောကြားသည်။

          ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးနှင့် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့သော သင်ကြားရေး ဆေးရုံးကြီး(မကွေး)၊ ပြည်သူ့ဆေးရုံကြီး (မကွေးမြို့)နှင့် ပြည်သူ့ဆေးရုံကြီး၊ မင်းဘူးမြို့တို့မှ ဆေးရုံအုပ်ကြီးများထံ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ပြီး၊ သဲဖြူနှင့် မဟာမြိုင် တောရဆရာတော် ဒေါက်တာဘဒ္ဒန္တ ပညာဇောတမှ ပြည်သူ့ဆေးရုံကြီး(မကွေး)တွင် အထွေထွေ အသုံးပြုနိုင်ရန် အလှူငွေ ကျပ်သိန်းတစ်ရာ လှူဒါန်းခြင်းနှင့် အနန္တစေတနာဖောင်ဒေးရှင်းမှ ဆရာတော်ကြီးအား လှူဖွယ်များ ဆက်ကပ်လှူဒါန်းခြင်း ဆောင်ရွက်ခဲ့သည်။

          ဆက်လက်၍ သဲဖြူနှင့် မဟာမြိုင်တောရဆရာတော် ဒေါက်တာဘဒ္ဒန္တ ပညာဇောတထံမှ အနုမောဒနာ တရာတော်များ နာယူကြည်ညိုခဲ့ကြပြီး၊ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်ချ အမျှအတမ်းများ ပေးဝေကာ၊ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု(၃)ကြိမ်ရွက်ဆို၍ အခမ်းအနားကို ရုပ်သိမ်း ခဲ့သည်။

          အခမ်းအနားအပြီးတွင် သဲဖြူနှင့် မဟာမြိုင်တောရဆရာတော် ဒေါက်တာဘဒ္ဒန္တ ပညာဇောတ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းပြည်သူဆေးရုံကြီး မျက်စိခွဲစိတ်ကုသ ဆောင်သို့သွားရောက်၍ စက္ခုအလင်း၊ သွားနှင့် ခံတွင်း ကျန်းမာရေးကုသိုလ်ပြု အလှူတော် မင်္ဂလာအဖြစ် အခမဲ့ ခွဲစိတ်၊ ဆေးကုသပေးသည့် လူနာများအားတွေ့ဆုံ၍ အားပေးစကားများ ပြောကြားကာ မျက်မှန်နှင့် ဆေးဝါးများ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း