မကွေး ဇူလိုင် ၁၈
အမှတ်(၄)အခြေခံပညာအထက်တန်း ကျောင်းခန်းမတွင် အစီအစဉ် ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ မကွေးမြို့အမှတ်(၄)အခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “အလှဆုံးပန်းများပွင့်ကြပြီ” သီချင်းဖြင့်သီဆို ဖျော်ဖြေပြီး အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြား ရာတွင် မိမိတို့နိုင်ငံအနေဖြင့် ပညာနှင့်ပတ်သက်ပြီး လိုအပ်ချက်များရှိနေခြင်းကြောင့် ပညာဗဟု သုတပြည့်စုံကြွယ်ဝရေးအတွက် အလွယ်ကူဆုံးနှင့် အထိရောက်ဆုံး ဆောင်ရွက်နိုင်သည့် ကျောင်း စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ အနာဂတ်အတွက် အားထားရမည့် သားကောင်း ရတနာများအနေဖြင့် ကာယ၊ ဉာဏ၊ မိတ္တ၊ စာရိတ္တနှင့် ဘောဂဆိုသည့် ဗလငါးတန် ဖွံ့ဖြိုးတိုးတက် ရေးအတွက် ငယ်စဉ်ကပင် စာအုပ်/စာပေကောင်းတွေကို ဖတ်ရှုလေ့လာကြရန်လိုအပ်ကြောင်း၊ စာအုပ်/ စာပေဆိုသည့်မှာ မည်မျှနှစ်ကာလကြာမြင့်သည်ဖြစ်စေ မဖတ်ရှုသေးပါက အသစ်ပင်ဖြစ် ၍ မိမိအတွက် အသိပညာဗဟုသုတများ ပေးစွမ်းနိုင်ကြောင်း၊ မိမိတို့ ဖတ်ရှုမှတ်သားခဲ့သည့် အသိဉာဏ် ပညာဗဟုသုတများကို အချင်းချင်းလက်ဆင့်ကမ်း မျှဝေကြမည်ဆိုပါက ကောင်းမွန် သည့် လူ့ဘောင် အသိုက်အဝန်းကို ထူထောင်နိုင်မည်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားသည်။
ထို့နောက် မကွေးမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူများဖြင့် ဖွဲ့စည်းထားသည့် Violin group က တယောတီးမှုတ်၍ ဖျော်ဖြေခဲ့ကြသည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ ဉာဏစွမ်းရည်ပြိုင်ပွဲများဖြစ်သည့် အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲတွင် ဆုရရှိသူများအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်ကလည်းကောင်း၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအား မကွေး တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်ဝင်းဝင်းမြင့်ကလည်းကောင်း၊ အလယ်တန်း အဆင့် ပန်းချီပြိုင်ပွဲတွင် ဆုရရှိသူများအား အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ် သိန်းထွန်းဦးက လည်းကောင်း၊ အမြဲမပြတ်လေ့လာသင်ယူရေးစကားဝိုင်း (Never Stop Learning Talk Show)တွင် ပါဝင်ဆွေးနွေးခဲ့ကြသောကျောင်းသား/ကျောင်းသူများအား တိုင်းဒေသကြီးလူမှု ရေးရာဝန်ကြီး ဦးမျိုးမြင့် ကလည်းကောင်း ဆုများအသီသီးပေးအပ်ချီးမြှင့်ခဲ့ပြီး အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲတွင် ပထမဆုရရှိသည့် ကျောင်းသူက ပြန်လည်သရုပ်ပြယှဉ်ပြိုင်ခဲ့ သည်။
ဆက်လက်ပြီး မကွေးမြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူ လေးများက “မင်္ဂလာ” သီချင်းဖြင့်လည်းကောင်း၊ မကွေးမြို့ နေခြည်ကိုယ်ပိုင်အထက် တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက “ပန်းကလေးများရဲ့ဥယျာဉ်မှူး” သီချင်းဖြင့် လည်းကောင်း၊ အခြေခံ ပညာအထက်တန်းကျောင်းခွဲ(ဆားစည့်)မှ ကျောင်းသား/ကျောင်းသူများက “ဇာတိမာန်” သီချင်းဖြင့် လည်းကောင်း သီဆိုဖျော်ဖြေပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ယနေ့ကျင်းပသည့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင် ရေးပွဲတော်တွင် ကာယစွမ်းရည်ပြိုင်ပွဲများဖြစ်သည့် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ၊ မြှားပစ်ပြိုင်ပွဲ၊ စကောရွက်ပြိုင်ပွဲ၊ ဘောလုံးဂိုးသွင်းပြိုင်ပွဲများ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများဖြစ်သည့် ကျပန်း စကားပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲများအပြင် မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်ရေး ကိုဖော်ကျူးသည့် စာရေးဆရာ တက္ကသိုလ်ဘုန်းနိုင်ရေးသားခဲ့သော “ သူ့ကျွန်မခံပြီ” စာအုပ်အပေါ် ကျောင်းသား/ကျောင်းသူများက အမြဲမပြတ်လေ့လာသင်ယူရေး Talk Show အစီအစဉ် ဆောင်ရွက်ခြင်း၊ ဌာနဆိုင်ရာပြခန်းများနှင့် စာအုပ်အရောင်းဆိုင်များ ပါဝင်ပြသခဲ့ပြီး၊ ကျောင်းသား၊ ကျောင်းသူ အင်အား ၃၀၀၀ ကျော် တက်ရောက်ခဲ့ ကြောင်း သိရသည်။