မကွေး ဇွန် ၁၃
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန နှစ်(၃၀)ပြည့် နှစ်ပတ်လည်နေ့ အထိမ်း အမှတ်၊ ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ဆောင်ရွက်ခဲ့သည့် ကတ်ပြား ပေးအပ်ပွဲ အခမ်းအနားကို ဇွန်လ ၁၃ ရက်နေ့ နံနက်ပိုင်းက မကွေးမြို့နယ် စုပေါင်းရုံးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ် ကွပ်ကဲမှုဌာနချုပ်မှူး၊ မကွေးလေတပ် စခန်းဌာနချုပ်မှူး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်မိ/ရပ်ဖများနှင့် ပြည်သူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ လက်ထက် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်အနက် နောက်ဆုံးလုပ်ငန်းစဉ်တွင် အရေးပေါ်ကာလ ဆိုင်ရာ ပြဌာန်းချက်များနှင့် အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်)နှင့် အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ဒီမိုကရေစီ စံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန် လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲပြုလုပ်တဲ့အခါ အသက်(၁၈)နှစ် ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်သူ များသာ ဆန္ဒမဲပေးပိုင်ခွင့် ရရှိမှာဖြစ်တဲ့အတွက် အသက်(၁၈)နှစ် ပြည့်သည့် မြန်မာနိုင်ငံသား အားလုံးဟာ မိမိတို့နိုင်ငံသားဖြစ် ကြောင်း အထောက်အထားအဖြစ် နိုင်ငံသားစိစစ်ရေး ကတ်ပြားကို လက်ဝယ်ရရှိနေရန်လိုအပ်ပါကြောင်း၊ ရွေးကောက်ပွဲတွင် အမျိုးသားမှတ်ပုံတင်ကတ်ပြား (ယခင် သုံးခေါက်ချိုးကတ်ပြား) ကိုင်ဆောင် ထားသူများဟာ ဆန္ဒမဲ ပေးပိုင်ခွင့်မရှိသဖြင့် ဆန္ဒမဲပေးပိုင်ခွင့်၊ အခွင့်အရေး မဆုံးရှုံးစေရန် အမျိုးသား မှတ်ပုံတင်ကတ်ပြား ကိုအပ်နှံပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိထားရန်လိုအပ်ကြောင်း၊ ဒါကြောင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တစ်နိုင် ငံလုံးအတိုင်းအတာဖြင့် ပန်းခင်းစီမံချက် အဆင့်(၁)နှင့် (၂)တို့ကို ဆောင်ရွက်ခဲ့ပြီး ကျန်ရှိသူများကို ယခုပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် ရပ်ကွက်/ ကျေးရွာအထိ ကွင်းဆင်းဆောင်ရွက်ပေးလျှက် ရှိကြောင်း၊ ပန်းခင်းစီမံချက် အဆင့် (၃)ဆောင်ရွက်ရမည့် ကာလကို(၁-၁-၂၀၂၅)ရက်နေ့မှ(၃၁-၁၀-၂၀၂၅)ရက်နေ့အထိ လျာထားချက်(၁၄၉၁၅)ဦးဖြင့် သတ်မှတ် ဆောင်ရွက်လျှက်ရှိရာ မကွေးတိုင်း ဒေသကြီးအတွင်းမှာ (၁-၁-၂၀၂၅) ရက်နေ့မှ (၁၁-၆-၂၀၂၅) ရက်နေ့ အထိ(၁၃၃၀၈)ဦးဆောင်ရွက်ပြီး ဖြစ်၍ (၈၉.၂၃)% ပြီးစီးခဲ့ပြီး ဖြစ်ပါကြောင်း၊ မကွေးမြို့နယ်အနေဖြင့်လည်း ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် ပြည်သူ(၅၀၆၄)ဦး အတွက် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ယနေ့ ပြည်သူများထံသို့ နိုင်ငံသား စိစစ်ရေးကတ် (၁၈၈၂) ကတ်ကိုပေးအပ် သွားမှာဖြစ်ကြောင်း၊ ကျန်ရှိတဲ့ စီမံချက် ကာလအတွင်းမှာ လည်းအသက်(၁၈)နှစ် ပြည့်ပြီးသူတိုင်း နိုင်ငံတော်က သတ်မှတ်ထားသည့် ဥပဒေနှင့်အညီ ကိုင်ဆောင်သင့်သည့် နိုင်ငံသားစိစစ်ရေး ကတ်ပြား တစ်မျိုးမျိုး ရရှိကိုင်ဆောင်နိုင်ရေး ဝိုင်းဝန်းကူညီ ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ မူဝါဒနှင့် e-Government ဦးဆောင်ကော် မတီ၏ လမ်းညွှန်မှုအရ အီလက်ထရောနစ်စနစ်ဖြင့် လူဦးရေမှတ်ပုံတင်ခြင်းလုပ်ငန်း(e-ID)အား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ(Focal Ministry)အဖြစ် အကော်အထည် ဖော်ဆောင်ရွက်လျက်ရှိပြီး နိုင်/ဧည့်/ပြု ကိုယ်ရေးမှတ်တမ်း (၅၂)သန်း ကျော်အား(Biographic Registration System)အတွင်း သို့လည်းကောင်း၊ အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ (၆၆/၆) (၁၃) သန်းကျော်အား (HouseHold Registration System)အတွင်းသို့ လည်းကောင်း ထည့်သွင်းပြီး ကြောင်းကို သိရှိရကြောင်း၊ ယခုအခါ ဒုတိယအဆင့်အနေဖြင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၁၉) မြို့နယ်တွင် Biometric အချက်အလက်များ ကောက်ယူ၍ ဂဏန်း(၁၀)လုံးပါဝင်သည့်Unique Identity (UID) နံပါတ်ထုတ် ပေးရေးလုပ်ငန်းကို (၂၂.၆.၂၀၂၃)ရက်နေ့မှ စတင်ကောက်ယူ ဆောင်ရွက်လျက်ရှိရာ (၁၁-၆-၂၀၂၅) ရက်နေ့ထိ(၈၇၂၀၄၀)ဦးအား ကောက်ယူဆောင်ရွက်ပြီး ဖြစ်ကြောင်းနှင့် Biometric ကောက်ယူပြီး UID နံပါတ်ရယူခြင်းဖြင့် e-ID Server အတွင်းရှိ မိမိ၏ ကိုယ်ရေးအချက်အလက်များ မှန်ကန်မှု ရှိ/မရှိ သိရှိရပြီး မြန်မာနိုင်ငံကူးလက်မှတ် လျှောက်ထား ခြင်းနှင့် ခရီးသွားလာရာတွင် များစွာအထောက်အကူဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက် နှင့်အညီ ဆောင်ရွက်လျက်ရှိသော Biometric အချက်အလက်များကောက်ယူခြင်း လုပ်ငန်းတွင် ပူးပေါင်းပါဝင်ပြီး မဆောင်ရွက်ရ သေးသူများ ဆောင်ရွက်ကြရန်၊ မကွေးတိုင်းဒေသကြီးအတွင်းမှာ နေထိုင်ကြတဲ့ ပြည်သူများ နိုင်ငံသားစိစစ်ရေး ကတ်ပြား မရှိသူများ အနေဖြင့်လည်း မိမိတို့၏ အခွင့်အရေးများ မဆုံးရှုံးရအောင် မြို့နယ်ဦးစီးမှူး ရုံးများမှ ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် ကွင်းဆင်း ဆောင်ရွက်ပေးနေချိန်မှာ အလေးထား ဆောင်ရွက်ပေးကြဖို့နှင့် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှလည်း မိမိရပ်ကွက်/ ကျေးရွာ အုပ်စု အတွင်းမှာ နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက် ရန်ကျန်သူ မရှိစေရေး စိတ်အား ထက်သန်စွာဖြင့် ပူးပေါင်းကူညီ ဆောင်ရွက်ပေးကြရန် တိုက်တွန်း ပြောကြားသည်။
ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူးဦးစောနိုင်က နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ အခမ်းအနားနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး၊ မြို့နယ်ဦးစီးမှူးရုံးများမှ ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် ကွင်းဆင်း ဆောင်ရွက် ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား တက်ရောက်လာသည့် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်မိ/ရပ်ဖများနှင့် ပြည်သူများထံ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ တို့က အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။