မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် “ရောနှောဆီထုတ်လုပ်ရောင်းချနိုင်ရန် FDA ထောက်ခံ ချက်ရရှိရေးနှင့် ဆီစက်ဖွံ့ဖြိုးရေးချေးငွေ၊ MSME ချေးငွေဆိုင်ရာ သိကောင်းစရာများ ရှင်းလင်း ဆွေးနွေးပွဲ” အခမ်းအနား တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် “ရောနှောဆီထုတ်လုပ်ရောင်းချနိုင်ရန် FDA ထောက်ခံ ချက်ရရှိရေးနှင့် ဆီစက်ဖွံ့ဖြိုးရေးချေးငွေ၊ MSME ချေးငွေဆိုင်ရာ သိကောင်းစရာများ ရှင်းလင်း ဆွေးနွေးပွဲ” အခမ်းအနား တက်ရောက်

မကွေး ဇွန်  ၁၂

          မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက် ၈ နာရီက မကွေး တိုင်းဒေသကြီး ပြည်သူ့ဆေးရုံကြီးတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ နှစ်(၃၀)ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် မကွေးတိုင်းဒေသကြီးအတွင်းရှိ ဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းနှင့် စုပေါင်းသွေးလှူဒါန်းခြင်းများ ဆောင်ရွက်နေမှုကို သွားရောက် ကြည့်ရှု အားပေးသည်။

          လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ စီမံခန့်ခွဲရေး လုပ်ငန်းများတွင် ပိုမိုထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် (၁၉၉၅)ခုနှစ် ဇွန်လ (၁၅) ရက်နေ့တွင် စတင်တည်ထောင်ဖွဲ့စည်းခဲ့ပြီး ယခု ၂၀၂၅ ခုနှစ် ဇွန်လ(၁၅)ရက်နေ့တွင် နှစ်(၃၀) ပြည့်မြောက်ခဲ့ပြီဖြစ်၍ အဆိုပါ နှစ်(၃၀)ပြည့် အထိမ်းအမှတ်အဖြစ် မကွေးတိုင်းဒေသကြီး လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဝန်ထမ်း(၅၀)ဦးက စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြပြီး၊ စုပေါင်းသွေးလှူဒါန်းခြင်းကို ဝန်ထမ်း(၄၂)ဦးတို့က စုပေါင်း လှူဒါန်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း