မကွေး မေ ၁
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ၏ ကြီးကြပ်လမ်းညွန်မှုဖြင့် မကွေးတိုင်းဒေသကြီး ဘောလုံး အဖွဲချုပ်မှ ဦးစီးကျင်းပပြုလုပ်သည့် Magway City Cup ဘောလုံးပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းနားကို ယမန်နေ့ ညနေပိုင်းက မကွေးမြို့ တိုင်းဒေသကြီးပြည်သူအားကစားကွင်း၌ ကျင်းပ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ်သိန်းထွန်းဦး၊ တိုင်းဒေသကြီးအစိုးရအဖွဲဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြိုနယ်အဆင့် ဌာန ဆိုင်ရာ အကြီးအကဲများ၊ ရပ်မိရပ်ဖနှင့် လူငယ် မောင်မယ်များ၊ ဖိတ်ကြားထားသော အားကစား ဝါသနာရှင်များ၊ နည်းပြ၊ အုပ်ချုပ်သူများနှင့် ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက် ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် Magway City Cup အမျိုးသား အလွတ်တန်းဖိတ်ခါ် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် Squad _X FC နှင့် UYN_FC အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးကာ၊ UYN FC အသင်းက ၃ - ၂ ဂိုး ဖြင့် အနိုင် ရရှိခဲ့သည်။
ဆက်လက်၍ ဆုချီးမြှင့်ပေးအပ်ပွဲကျင်းပရာ Magway City Cup အမျိုးသား အလွတ်တန်း ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲတွင် ကူညီဆောင်ရွက်ပေးခဲ့သည့် ဒိုင်လူကြီးများအား Magway City Cup ဘောလုံးအဖွဲချုပ် တာဝန်ရှိသူမှ လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ပြီး၊ ပွဲစဉ်တလျှောက် ရှေ့တန်း၊ အလယ်တန်း၊ နောက်တန်း အကောင်းဆုံး ကစားသမားဆု ရရှိသူများ၊ အကောင်းဆုံး ဂိုးသမားဆု ရရှိသူနှင့် ဒုတိယ ဆုရရှိသာ Squad X FC အသင်းတို့ကို ဆုကလပ်နှင့် ငွေသားဆုများအား တာဝန်ရှိ သူတို့က အသီးသီး ချီးမြှင့်ပေးအပ်ကာ၊ အလွတ်တန်းဖိတ်ခေါ် ဘောလုံးပြိုင်ပွဲတွင် အနိုင်ရရှိခဲ့သော UYN FC အသင်းအား ဆုဆွဲပြား၊ ဆုဖလားနှင့် ငွေသားဆု ကျပ်သိန်း(၃၀)ကို တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က ဆုချီးမြှင့်ပေးခဲ့သည်။
အဆိုပါ Magway City Cup အမျိုးသား အလွတ်တန်း ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို မြန်မာ့ ဘောလုံးအားကစား ကျယ်ပြန့်စွာ တိုးတက်မြင့်မားရေးအတွက် အထောက်အကူပြုစေရေး၊ မကွေး တိုင်းဒေသကြီးအတွင်းရှိ မြိုနယ်များမှ ဘောလုံးအားကစားသမားများအချင်းချင်း သွေးစည်း ညီညွတ်မှု စိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်များ ပိုမိုထွန်းကားလာစေရေးနှင့် ထူးချွန်ထက်မြက် သည့်မျိုးဆက်သစ် လူငယ်သွေးသစ် ဘောလုံးအားကစားသမားများ ပေါ်ထွက်လာစေရေး၊ လူငယ် လူရွယ်များ အားကစားကို ပိုမိုစိတ်ဝင်စားလာပြီး မိမိတို ပတ်ဝန်းကျင်တွင် ကျယ်ကျယ်ပြန့်ပြန့် ကစားရာမှ တိုင်းဒေသကြီးကိုယ်စားပြု အားကစား သမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ် ကျင်းပခဲ့ခြင်းဖြစ်ပြီး၊ တိုင်းဒေသကြီးအတွင်းရှိ မြိုနယ်အသီးသီးမှ အားကစားသမားများ ပါဝင်ယှဉ် ပြိုင်ကာ မတ်လ (၂၈)ရက်နေ့မှ ဧပြီလ(၃၀) ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။