မကွေး ဖေဖော်ဝါရီ ၂၅
(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားအား ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့ တွင် မကွေးခရိုင်အားကစားကွင်း အတွင်း၌ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများမှ ပြခန်းများ၊ ကျောင်းသား/ကျောင်းသူများမှ ဖျော်ဖြေရေးပွဲများဖြင့် စည်ကားသိုက်မြိုက်အောင်မြင်စွာ ကျင်းပပြု လုပ်ခဲ့ပြီးဖြစ်ရာ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား ပြန်လည်သုံးသပ်ခြင်း လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက် ၁၀ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပရေးဦးစီးကော်မတီ နာယက တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် (၇၈)နှစ် မြောက် ပြည်ထောင်စုနေ့ အခမ်းအနားအား မကွေးခရိုင်အားကစားကွင်း အတွင်းတွင် တိုင်းအဆင့် ဌာနဆိုင်ရာများမှ ပြခန်းများ၊ ဖျော်ဖြေရေးပွဲများဖြင့် စည်ကားသိုက်မြိုက်အောင်မြင်စွာ ကျင်းပပြုလုပ် ခဲ့ပြီးဖြစ်ရာ ဆပ်ကော်မတီများအနေဖြင့် မိမိတာဝန်ကျရာ ကဏ္ဍအလိုက် တက်တက်ကြွကြွဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ကြသဖြင့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို အေးအေး ချမ်းချမ်း အောင်အောင်မြင်မြင်ဖြင့် ပြီးမြောက်ခဲ့ပြီးဖြစ်ကြောင်း၊ ဆပ်ကော်မတီများမှလည်း ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည့် လုပ်ငန်းစဉ်များအပေါ် အားနည်းချက်၊ အားသာချက်နှင့် လိုအပ်ချက် များရှိပါက ပြန်လည်တင်ပြ ပေးစေလိုကြောင်း၊ ကျင်းပပြုလုပ်ခဲ့ပြီးသည့် အခမ်းအနားတွင် လိုအပ်ချက် များရှိသလို အကောင်းဆုံး ပြင်ဆင်ဆောင်ရွက်ခဲ့ကြတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်၊ မကွေးတိုင်း ဒေသကြီးတွင် အခမ်းအနားများအား စည်စည်ကားကား အောင်အောင်မြင်မြင်၊ အေးအေးချမ်းချမ်းဖြင့် ပြီးမြောက်အောင် ဆောင်ရွက်ခဲ့ကြသည်ကိုလည်း တွေ့မြင်ခဲ့ရသဖြင့် မိမိအနေဖြင့် ဝမ်းသာပီတိ ဖြစ်ရပါကြောင်း၊ လိုအပ်ချက်များရှိပါကလည်း မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဖြည့်ဆည်းပေးသွား မည်ဖြစ်ပါကြောင်း၊ နောက်လာမည့် အခမ်းအနားများကိုလည်း ယခုလို ဆပ်ကော်မတီများအလိုက် ပူးပေါင်းပြီး အောင်မြင်အောင် ဆောင်ရွက်ပေးစေလိုပါကြောင်း၊ ဆပ်ကော်မတီများမှလည်း ပြီးမြောက်ခဲ့သည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များအပေါ် အားနည်းချက်၊ အားသာချက်များကို ပြန်လည် ဆွေးနွေး ပေးစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကျင်းပရေးဦးစီးကော်မတီ ဥက္ကဌ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းသိန်းက ဆပ်ကော်မတီများမှလည်း ပြီးမြောက် ခဲ့သည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ် များအပေါ် အားနည်းချက်များရှိပါကလည်း နောင်လာမည့်နှစ်များတွင် အကောင်းဆုံး ဖြစ်စေရေး အတွက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား အကြံပြု ဆွေးနွေးပေးစေလိုကြောင်း ပြောသည်။
ထို့နောက် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား ဆပ်ကော်မတီအသီးသီးမှ ဥက္ကဌ များက လုပ်ငန်းစဉ်များအပေါ် အားနည်းချက်၊ အားသာချက်နှင့် လိုအပ်ချက်များ ဆွေးနွေးတင်ပြ ခဲ့ကြပြီး၊ တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ဆွေးနွေးမှာကြားကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
အလားတူ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ အခြေခံပညာကျောင်းများတွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ဆောင်ရွက် ပေးလျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မကွေးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေမှုနှင့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူအင်အားဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် ဝန်ထမ်းများအား ကိုဗစ် ရောဂါကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်နေမှုတို့အား သွားရောက်ကြည့်ရှုအားပေးကာ လိုအပ် သည့် ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။