မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးပညာရေးဒီဂရီကောလိပ်၌ ပြည်ထောင်စုနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးပညာရေးဒီဂရီကောလိပ်၌ ပြည်ထောင်စုနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်

မကွေး ဖေဖော်ဝါရီ ၁၃

          ပြည်ထောင်စုနေ့ အထိမ်းအမှတ်အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဖေဖော်ဝါရီလ ၁၂ ရက် ညနေပိုင်းက မကွေးပညာရေးဒီဂရီကောလိပ်တွင် ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး / ခရိုင် / မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မကွေးပညာရေးဒီဂရီကောလိပ်မှ ဆရာ/ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ များနှင့် ဝန်ထမ်းများ တက်ရောက်သည်။

          ဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီး များနှင့် တာဝန်ရှိသူများက အမျိုးသားဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် တတိယနှစ် (ဒုတိယ နှစ်ဝက်)နှင့် တတိယနှစ်(ပထမနှစ်ဝက်)တို့ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမျိုးသားဘောလုံး ပြိုင်ပွဲ ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိသူများကိုလည်းကောင်း၊ မကွေးတိုင်းဒေသကြီး အမျိုးသမီး အားကစား ကော်မတီ နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး ဒေါ်ဝင်းဝင်းမြင့်က အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ပထမ၊ဒုတိယနှင့်တတိယဆုရရှိသူများကိုလည်းကောင်း၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ အားကစားနည်း အလိုက် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများကို လည်းကောင်း အသီးသီးဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။

          ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ မကွေး ပညာရေးဒီဂရီကောလိပ်တွင် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ပထမနှစ်မှစတုတ္ထနှစ်၊ အတန်းနှစ် အလိုက် အတန်း(၅)တန်းဖြင့် အမျိုးသား၊ အမျိုးသမီး ပြေးခုန်ပစ် အားကစားနည်း (၁၀)မျိုးပြိုင်ပွဲ၊ အမျိုးသားဘောလုံးပြိုင်ပွဲ၊ အမျိုးသား၊အမျိုးသမီးဘောလီဘောပြိုင်ပွဲ၊ အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ထုပ်စည်းတိုးပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲစသည့် အားကစားနည်းများကို ကျောင်းသား၊ ကျောင်းသူ (၅၀၀)ကျော်က ဖေဖော်ဝါရီလ(၄)ရက်နေ့မှ(၁၂)ရက်နေ့အထိ ပါဝင်ယှဉ်ပြိုင် ခဲ့ကြ ကြောင်းသိရသည်။


နောက်ဆုံးရ သတင်း