မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း ဖွင့်ပွဲ အခမ်းအနား တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း ဖွင့်ပွဲ အခမ်းအနား တက်ရောက်

မကွေး    နိုဝင်ဘာ     ၂

          မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူး၍ မကွေးတိုင်းဒေသကြီးဥပဒေချုပ်ရုံးနှင့် မကွေး တိုင်းဒေသကြီး ပညာရေးမှူးရုံးတို့ ပူးပေါင်းဖွင့်လှစ်သည့် Grade 11 နှင့် Grade 12 တွင် သင်ကြား နေသော ကျောင်းသား၊ ကျောင်းသူများအား ဥပဒေဘာသာရပ် သင်ကြားပေးနိုင်ရန် ဆရာ၊ ဆရာမ များအား ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ် သင်တန်း(Training of Trainer) (TOT) သင်တန်း ဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာလ ၂ ရက်နေ့ နံနက် ၉ နာရီက မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်း လေတပ်ကွပ်ကဲရေးဌာနချုပ်မှူး၊ မကွေးလေတပ် စခန်းဌာနချုပ်မှူး၊ မကွေးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ၊ ဥပဒေချုပ်၊ တရားလွှတ်တော်တရားသူကြီးများ၊ ဌာနဆိုင်ရာအကြီး အကဲများ၊ သင်တန်းပို့ချမည့် ဥပဒေအရာရှိများ၊ သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။

          ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ယခုဖွင့်လှစ်သော သင်တန်းသည် တစ်နိုင်ငံ လုံးအတိုင်းအတာဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးတွင် ဖွင့်လှစ် ခြင်းဖြစ်ပြီး Grade 11 နှင့် Grade 12 တွင် သင်ကြားနေသော ကျောင်းသူ၊ ကျောင်းသားများကို ဥပဒေပညာ သင်ကြားပေးမည့် ဆရာ၊ ဆရာမ များအား ဆရာဖြစ်သင်တန်း သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းဆင်း ဆရာ၊ ဆရာမ များ အနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ ဆရာ၊ ဆရာမများကို ထပ်ဆင့် သင်တန်းပေးခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများကို သင်ရိုးညွှန်းတမ်းဖြင့် ပြန်လည်သင်ကြားပေးရမည်ဖြစ်ကြောင်း၊ သင်တန်းတက် ရောက်ကြမည့် ဆရာ၊ ဆရာမများ အနေဖြင့် မိမိကိုယ်တိုင် ဥပဒေပညာကို သိရှိ နားလည်ပြီး ပြန်လည် သင်ကြားပို့ချ ပေးနိုင်သည်အထိ ကြိုးစားသင်ယူကြ စေလိုပါကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် ဥပဒေပညာနှင့် အလှမ်းဝေးသူများလည်း ပါဝင်နိုင်သော်လည်း ယခုသင်ကြားမည့် ဘာသာရပ်မှာ ဥပဒေ အသိပညာသာ ဖြစ်သဖြင့် ဥပဒေ၏ ခက်ခဲနက်နဲသော အတွေးအခေါ်များကို သင်ယူရန် လိုအပ်မည် မဟုတ်ဘဲ ဥပဒေ၏ အခြေခံသဘောတရားများကို ကောင်းမွန်စွာ သိရှိနားလည်ပြီး အခြေခံပညာ ကျောင်းသားများကို ပြန်လည်သင်ကြားပြသ နိုင်ရေးအတွက် ဦးတည်ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ သင်တန်းတွင် သင်ကြားမည့် ဘာသာရပ် (၇)ခုသည် ဆရာ၊ ဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသားများ အမှန်တကယ် သိသင့်သိထိုက်သော ဘာသာရပ်များဖြစ်ပြီး၊ မိမိတို့နိုင်ငံအတွင်းရှိ ဥပဒေအားလုံး၏ အခြေခံဥပဒေဖြစ်သော ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပြစ်မှုဆိုင်ရာ ဥပဒေများဖြစ်သည့် ရာဇသတ်ကြီးနှင့် အထူးဥပဒေများကို အခြေခံအားဖြင့် သိရှိနားလည်နိုင်မည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ဥပဒေအသိပညာကို ကျောင်းသင် ခန်းစာတွင် သင်ရိုးညွှန်းတမ်းအဖြစ် ထည့်သွင်းသင်ကြားပေးခြင်းအားဖြင့် ကျောင်းသား၊ ကျောင်းသူ များသည် ဥပဒေ၏ အခြေခံသဘော တရားများကို နားလည်သဘောပေါက်ကာ ဥပဒေပါ တားမြစ်ချက်ကို မလိုက်နာခြင်း၊ ဥပဒေအရ လိုက်နာဆောင်ရွက်ရမည့် ကိစ္စကို ပျက်ကွက်ခြင်း တို့အတွက် ပြစ်ဒဏ် သတ်မှတ်ထားကြောင်းနှင့် ပြစ်မှုကျူးလွန်ပါက အပြစ်ရှိကြောင်းကို သိရှိခြင်းဖြင့် ဥပဒေကို လေးစားလိုက်နာတတ်စေရန်၊ နိုင်ငံသားတစ်ဦး၏ တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်စေရန် မျှော်မှန်းချက် ထားရှိပါကြောင်း၊ ဥပဒေဆိုသည်မှာ လူအချင်းချင်း ပေါင်းသင်း ဆက်ဆံရာ၌ တရားမျှတမှုရှိစေရန် အကွပ်အကဲ အထိန်းအကျောင်းသဖွယ် ဖြစ်စေရန်အတွက် အုပ်ချုပ်သူအစိုးရတို့က သတ်မှတ် ပြဋ္ဌာန်းထားသော စည်းကမ်း အစုစုဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံသည် စစ်မှန်စည်းကမ်း ပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နေခြင်း ဖြစ်သဖြင့် ဥပဒေကို နိုင်ငံသားတိုင်း သိရှိနားလည်လိုက်နာရန် လိုအပ်ပြီး ဥပဒေပညာရပ်များကို ကျယ်ပြန့်စွာ သင်ကြားပေးနိုင်ရေးနှင့် အသိပညာပေးရေးသည်လည်း အရေး ကြီးသည့် အခန်းကဏ္ဍမှ ပါဝင်နေကြောင်း၊ သင်တန်းသား ဆရာ၊ ဆရာမများအနေဖြင့် သင်ကြားနည်းပညာများကို တတ်ကျွမ်း ပြီးသူများ ဖြစ်ကြသဖြင့် သင်တန်းမှရရှိမည့် ဥပဒေ၏ အခြေခံသဘော တရားများကို သင့်လျော်သည့် သင်ကြားနည်း စံနစ်အသုံးပြုကာ Grade -11 နှင့် Grade -12 ကျောင်းသား၊ ကျောင်းသူများအား ဥပဒေအသိပညာ ဘာသာရပ်ကို ထိရောက်စွာ ပြန်လည်ပို့ချ ပေးနိုင်မည်ဟု မျှော်လင့်ပါကြောင်း စသည်ဖြင့် ပြောကြားသည်။

          ဆက်လက်၍ မကွေးတိုင်းဒေသကြီးဥပဒေချုပ် ဦးတင့်ဝေက ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း ဖွင့်လှစ်ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပြီး၊ ဥပဒေရေးရာဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်မှတ်တမ်း Video Clip အား ပြသခြင်းဆောင်ရွက်ကာ၊ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

          အဆိုပါသင်တန်းကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မကွေးတိုင်း ဒေသကြီး ဥပဒေချုပ်ရုံးနှင့် တိုင်းဒေသကြီးပညာရေးမှူးရုံးတို့မှ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊ သင်တန်းတွင် အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ ဆရာမ စုစုပေါင်း( ၁၅၃ )ဦး၊ ကိုယ်ပိုင်ကျောင်းများမှ ဆရာ၊ ဆရာမ( ၇ )ဦး စုစုပေါင်း(၁၆၀)ဦး တက်ရောက်မည်ဖြစ်ကာ၊ ဥပဒေချုပ်ရုံးမှ လက်ထောက် တိုင်းဒေသကြီးဥပဒေအရာရှိ(၇)ဦးတို့က(၂.၁၁.၂၀၂၄)ရက်နေ့မှ (၁၃.၁၁.၂၀၂၄)အထိ ရက်သတ္တပတ် (၂)ပတ်ကြာ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်းနှင့် မကွေးတိုင်းဒေသကြီးအတွင်း အခြေခံပညာ အထက်တန်းကျောင်း(၉၁၃)ကျောင်း ရှိပြီး (၁)ကျောင်း လျှင် ဆရာ(၁)ယောက်နှုန်းဖြင့် (၉၁၃)ဦးအား သင်ကြားပေးမည်ဖြစ်သည့်အတွက် သင်တန်းတစ်ကြိမ် လျှင်(၁၅၀)ဦးခန့်ဖြင့် စုစုပေါင်းသင်တန်း (၆) ကြိမ် ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

နောက်ဆုံးရ သတင်း