မကွေး ဇွန် ၂၂
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုသည် အဖွဲ့ဝင်ဝန်ကြီးများနှင့် အတူ တိုင်းဒေသ ကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါကာ ဇွန်လ ၂၁ ရက်နေ့ နံနက်ပိုင်းက မကွေးမြို့နယ် ရှားပင်လှကျေးရွာအနီးတွင် ဆောင်ရွက်လျက်ရှိသည့် ရွှေတင့်တူး စိုက်ပျိုးမွေးမြူရေး ဇုန် ဖော်ထုတ်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးသည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် တာဝန်ရှိသူများသည် မကွေးမြို့နယ် ရှားပင် လှကျေးရွာအနီး ရွှေတင့်တူး စိုက်ပျိုးမွေးမြူရေးဇုန် ဖော်ထုတ်ခြင်းလုပ်ငန်းခွင်သို့ ရောက်ရှိပြီး၊ ရှင်းလင်းဆောင်တွင် ဥစားကြက်မွေးမြူရေးဇုန် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် ပတ်သက်၍ သက်ဆိုင်ရာဌာန တာဝန်ရှိသူများနှင့် တည်ဆောက်ရေးလုပ်ငန်း တာဝန်ရှိသူများမှ မကွေးမြို့နယ် အတွင်း အသားကဏ္ဍဖူလုံစေဖို့ ဘေးအန္တရာယ်ဖြစ်စေသည့် အသားငါးများ လျော့နည်း စေဖို့အတွက် ရှားပင်လှကျေးရွာအနီး မြေဧက(၄၈.၀၆)ဧကပေါ်တွင် ဥစားကြက် မွေးမြူရေးဇုန် အကောင်အထည် ဖော်ဆောင်ရွက်နေမှု၊ မွေးမြူရေးလုပ်ငန်းရှင်(၁၂)ဦးမှ တစ်ဦးလျှင် ဥစားကြက် အကောင်ရေ(၃၀၀၀) ဖြင့် စတင် အကောင်အထည်ဖော် ဆောင်ရွက်မှုနှင့် လက်ရှိဆောင် ရွက်ပြီးစီးမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မကွေးမြို့ နယ် ရှားပင်လှ ကျေးရွာအုပ်စုရှိ သမဝါယမအသင်းပိုင် မြေပေါ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေး အထူးဇုန်နှင့် ဧက(၁၅၀) စနစ်ကျ လယ်ယာမြေ ဖော်ထုပ်ခြင်းဖြစ်ကြောင်း၊ မိမိတို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် မကွေး တိုင်းဒေသကြီးအတွင်း စားရေရိက္ခာဖူလုံပိုလျှံစေရေးနှင့် သာယာဝပြောရေးအတွက် ဆောင်ရွက်လျှက် ရှိရာမှာ မွေးမြူရေးကဏ္ဍတွင် အသား၊ နို့၊ ဥ ပိုမိုထုတ်လုပ်လာစေနိုင်ရေးအတွက် လိုအပ်တဲ့ အထောက် အပံ့၊ အကူအညီများ ဆောင်ရွက်ပေးလျှက်ရှိပြီး၊ အသားထုတ်လုပ်မှုအနေနဲ့ ဒေသတွင်း ကြက်သား စားသုံးမှု ဖူလုံပိုလျှံလာစေရေးအတွက် ကျေးလက်နေ ပြည်သူများ၏ တစ်ပိုင် တစ်နိုင် ဒေသကြက် မွေးမြူရေးလုပ်ငန်း၊ အသေးစားနှင့် အလတ်စား အသားတိုးကြက်နှင့် ဒေသကြက် မွေးမြူရေး လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီထောက်ပံ့ဆောင်ရွက် ပေးလျှက်ရှိသလို၊ ကြက်ဥပိုမိုစားသုံး လာနိုင်ရန် ဒေသအတွင်း ဥစားကြက်မွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးလာစေရေး အဖက်ဖက်မှ ထောက်ပံ့ ကူညီ အားပေးဆောင်ရွက်လျှက်ရှိကြောင်းနှင့် မွေးမြူရေး လုပ်ငန်းရှင်များ အနေဖြင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးစားဆောင်ရွက်ကြရန် မှာကြား ခဲ့ပြီး၊ လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများနှင့် ပတ်သက်၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ၊ မွေးမြူရေးလုပ်ငန်း ဆောင်ရွက် နေမှုအား လှည်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မကွေးမြို့နယ် ထုံးပေါက် တောကျေးရွာ ဦးနိုင်လင်းအောင်၏ အသားတိုးဝက်မွေးမြူရေးလုပ်ငန်း(၅)ဧကခြံသို့ သွားရောက်၍ ကြည့်ရှုအားပေးသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ အသားတိုးဝက်မွေးမြူရေးလုပ်ငန်းသို့ ရောက်ရှိစဉ် မွေးမြူရေးလုပ်ငန်းရှင် ဦးနိုင်လင်းအောင်က အသားတိုးဝက်(၂၂၈)ကောင်၊ မျိုးဝက်သိုး (၄)ကောင်၊ မျိုးဝက်မ(၇၀)ကောင်နှင့် သားပေါက်(၁၄၀)ကောင် စုစုပေါင်း(၄၄၂)ကောင်အား ခြံ(၈) ခြံတွင် မွေးမြူဆောင်ရွက်မှုနှင့် အသားတိုးဝက်နှင့် သားပေါက်ရောင်းချမှု၊ အစာကုန်ကျစရိတ်၊ ခြံလုပ်သား လုပ်အားခ နှင့် အကျိုးအမြတ်ရရှိမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မွေးမြူရေးလုပ်ငန်း ပိုမိုထုတ်လုပ်မွေးမြူနိုင်ရေး လိုအပ်သည့်ပံ့ပိုး မှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ဈေးကွက်ချဲ့ထွင်နိုင်ရေး ကိစ္စတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားကာ၊ မွေးမြူရေးခြ များအတွင်း လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။





