မကွေး မတ် ၂၁
(၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးမြို့၊ ကမ်းနားလမ်း ကင်းပန်းခြံအတွင်းရှိ King Resort နှင့် Love Paradise Entertainment ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက အဆိုပါ ကင်းပန်းခြံရှေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်မြေခံတပ်နယ်မှ အရာရှိကြီးများ၊ တိုင်းဒေသကြီးအစိုးရ အဖွဲဝင် ဝန်ကြီးများ၊ တိုင်း/ ခရိုင် /မြိုနယ် အဆင့်အဆင့် ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲဝင် ဝန်ကြီးများက( King Resort) & (Love Paradise Entertainment)အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က အဆိုပါ ဆိုင်းဘုတ် အား စက်ခလုပ်နှိတ် ဖွင့်လှစ်ပေးသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိ သူများက King Resort နှင့် Love Paradise Entertainment အဆောက်အအုံများအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။
အဆိုပါ King Resort နှင့် Love Paradise Entertainment သည် မကွေးမြို့၏ ခရီးသွား လုပ်ငန်း ဖွံဖြိုးတိုးတက်ရေးနှင့် ဒေသတွင်း အပန်းဖြေရာနေရာများ တိုးချဲ့ပေးနိုင်ရန် ရည်ရွယ် တည်ဆောက်ထားခြင်းဖြစ်ပြီး ပြည်သူများအတွက် အပန်းဖြေ၊ အနားယူနိုင်သည့် ဝန်ဆောင်မှုများကို စုံလင်စွာ ပေးဆောင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။



