မကွေး ဒီဇင်ဘာ ၁၁
မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်၊ ရှားပင်လှကျေးရွာအုပ်စု “ ရွှေတင့်တူး” စိုက်ပျိုးမွေးမြူ ရေးဇုန် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်မြေခံတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ “ရွှေတင့်တူး” စိုက်ပျိုးမွှေးမြူရေးဇုန်ဖွင့်ပွဲ အခမ်းအနားအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်မြေခံတပ်နယ်မှ ဗိုလ်ချုပ်သိန်းထွန်းဦး၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူ ကြီးချုပ် ဒေါ်မိမိမော်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်းနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦး တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကာ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဖွင့်ပွဲဆိုင်းဘုတ်အား စက်ခလုပ်နှိပ်ဖွင့်လှစ်၍ အမွှေးနံ့သာရည်များ ဖြင့်ပတ်ဖျန်း ခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အခမ်းအနားတွင် ပါဝင်ကူညီအားဖြည့်ပေးသော ဘင်ခရာ၊ပန်းပွား အဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့သည်။
ဆက်လက်၍ အစီအစဉ် ဒုတိယပိုင်းကို ကျင်းပရာ “ ရွှေတင့်တူး” စိုက်ပျိုးမွှေးမြူ ရေးဇုန် မုဒ်ဦးကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ဝန်ကြီးချုပ် က ဘင်ခရာနှင့် ပန်းပွားအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်ပြီး ဖွင့်ပွဲအထိမ်းအမှတ် အခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် မကွေးခရိုင်၊ မကွေးမြို့နယ်၊ ရှားပင်လှ ကျေးရွာအုပ်စုအတွင်း (၁၀)နှစ်ကျော် သီးနှံစိုက်ပျိုးခြင်းမပြုဘဲ မြေလွတ်မြေရိုင်းပုံစံဖြစ်နေသည့် မြေဧရိယာများကို စနစ်ကျ လယ်ယာမြေ ဖော်ထုတ်ဆောင်ရွက်ခဲ့ကြောင်း ယခုအခါ “ရွှေတင့်တူး” စိုက်ပျိုးမွှေးမြူရေးဇုန် ပထမ အဆင့်(၁၅၁.၅၈)ဧက ဖော်ထုတ်လျက်ရှိပြီး ထပ်မံတိုးချဲ့လျာထား(၂၀၆.၆၂)ဧက စုစုပေါင်း(၃၅၈.၂၀) ဧက ဖော်ထုတ်စိုက်ပျိုးသွားမှာ ဖြစ်ကြောင်း စနစ်တကျ လယ်ယာမြေ ဖော်ထုတ်ခြင်းအားဖြင့် စက်စွမ်း အားပြည့် အသုံးပြုနိုင်ရန် လုံလောက်သည့် အကျယ်အဝန်းရှိခြင်း၊ ညီညာပြန့်ဖြူးခြင်း၊ ထောင်မှန် စတုဂံပုံရှိပြီး အလျားအနံအချိုး(၃:၁)ဖြစ်ခြင်း၊ ကုန်ထုတ်လမ်းပါရှိခြင်း၊ ရေသွင်းရေနုတ် မြောင်းပါရှိခြင်း၊ ကန်သင်းများကောင်းမွန်ခြင်းစသည့် အင်္ဂါရပ်များ နှင့်ပြည့်စုံပြီး ကုန်ထုတ်လုပ်မှု စရိတ် လျော့ချနိုင်ကာ သီးနှံအထွက်တိုးစေပြီး အလေအလွှင့်နည်းပါးသည့်အတွက် သာမာရိုးကျ လယ်ယာမြေတွင် စိုက်ပျိုးသည့် သီးနှံများထက် အမြတ်အစွန်း ပိုမိုရရှိစေမှာဖြစ်ကြောင်း ၂၀၂၅-၂၀၂၆ ခုနှစ်တွင် မိုးစပါးစိုက်ပျိုး ထားရှိမှု အနေဖြင့် အောင်နိုင်တိုးစပါးမျိုး(၁၈.၂၅)ဧက စတင်စိုက်ပျိုး အောင်မြင် ဖြစ်ထွန်းနေတာ တွေ့ရှိရမှာဖြစ်ကြောင်း၊ သီးထပ်စွမ်းအား တိုးတက်လာစေရေးအတွက် တစ်နှစ်လျှင် ၃ သီးရအောင် စိုက်ပျိုးပြီး သီးနှံစိုက်စွမ်းအား ၃၀၀ ရာခိုင်နှုန်းရရှိရေး ကြိုးပမ်း ဆောင်ရွက်သွားရန် လုပ်ပိုင်ခွင့်ရ တောင်သူများ၊ လုပ်ငန်းရှင်များ၊ ဌာနဝန်ထမ်းများအား အထူးတိုက် တွန်းမှာကြားလိုကြောင်း၊ ထို့ပြင် မွေးမြူရေးလုပ်ငန်းများနှင့် ပတ်သက်၍ ကျေးလက်နေပြည်သူ များ၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်စေရန် တစ်ပိုင်တစ်နိုင် မွေးမြူရေးမှ စီးပွားဖြစ်တိုးချဲ့ မွေးမြူနိုင်ရေး၊ ဒေသဝမ်းစာဖူလုံရေး အတွက် လျာထား ဆောင်ရွက်ခဲ့ကြောင်း ဒေသအတွင်း အသား၊ ဥထုတ်လုပ်မှု၊ စားသုံးမှု ဖူလုံပြီး ပိုလျှံသည်များကို တင်ပို့နိုင်စေရန်အတွက် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာစေရန် ဒေသအလိုက် အလားအလာ ရှိသော တိရိစ္ဆာန်အမျိုးအစားများအလိုက် စံပြပုဂ္ဂလိက မွေးမြူရေးလုပ်ငန်းအဖြစ် တိုးချဲ့မွေးမြူ ထုတ်လုပ်နိုင်စေရန် စီမံချက်များ ရေးဆွဲဆောင်ရွက် ခဲ့ကြောင်း၊ ဥစားကြက် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတော်အကြီး အကဲ၏ လမ်းညွှန်မှာကြားချက်အရ မကွေးခရိုင်၊ မကွေးမြို့နယ်၊ ရှားပင်လှကျေးရွာအုပ်စုအတွင်းရှိ သမဝါယမအသင်းပိုင် မြေဧရိယာ(၄၈.၀၆)ဧကတွင် ဥစားကြက်မွေးမြူရေးဇုန် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး လက်ရှိတွင် ကြက်ကောင်ရေ (၃၀၀၀)ဆန့် ကြက်ခြံ(၄)ခြံ၊ သမဝါယမအသင်းစုမှ ကြက်ခြံ(၂)ခြံ မွေးမြူထားပြီး ကြက်ဥ(၉၀၂၇၃၇)လုံး ထုတ်လုပ်ရရှိနေပြီဖြစ်ကြောင်း ဆက်လက်ပြီး ကြက်ကောင်ရေ(၉၁၀၀၀)ဆံ့ မွေးမြူရေးကြက်ခြံ (၂၇)ခြံ ထပ်မံ တိုးချဲ့မှာဖြစ်သည့်အတွက် ဒေသတွင်း စားသုံးရန် လိုအပ်မှုအပေါ် ဖူလုံမှု(၂.၄၈)ရာခိုင်နှုန်း ပိုမိုဖြည့်ဆည်းပေးနိုင်ကာ တိုင်းဒေသကြီးအတွင်း ကြက်ဥ ဖူလုံမှု(၄၈.၉၁)ရာခိုင်နှုန်းထိ တိုးတက်ရရှိ လာမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း စိုက်ပျိုးမွေးမြူရေးဇုန် ဖွင့်လှစ်အကောင် အထည်ဖော်နိုင်ခြင်းကြောင့် ဒေသတွင်း ဥစားကြက်နှင့် တိုင်းရင်းကြက် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာကာ စားရေ ရိက္ခာအတွက် ဖူလုံမှုရှိလာသည့်အပြင် ပိုလျှံ သည်များကိုလည်း အခြားတိုင်းဒေသကြီး၊ ပြည်နယ် များသို့ တင်ပို့ရောင်းချလာနိုင်သည့်အဆင့်ထိ ရောက်ရှိလာနိုင်မှာဖြစ်ကြောင်း စိုက်ပျိုးရေးဇုန် တွင်လည်း အဓိကသီးနှံများကို ပန်းတိုင်အထွက်နှုန်း ရရှိအောင် သီးထပ်သီးညှပ် စိုက်ပျိုးထုတ်လုပ် နိုင်ခြင်းဖြင့် ကျေးလက်နေ တောင်သူများ၏ လူမှုစီးပွား ဘဝများ တိုးတက်လာစေမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း လိုအပ်ချက်များ အပေါ် ဖြည့်ဆည်းသွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် “ရွှေတင့်တူး” စိုက်ပျိုးမွေးမြူရေးဇုန်တွင် စိုက်ပျိုးမွေးမြူထားရှိမှု အခြေအနေများ အား သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများက အသီးသီး ရှင်းလင်းတင်ပြခဲ့ပြီး မကွေးတိုင်း ဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ ဖွင့်ပွဲအထိမ်း အမှတ်လက်ဆောင်ပေးအပ်ကာ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာန ဆိုင်ရာ တာဝန်ရှိသူများက “ရွှေတင့်တူး” စိုက်ပျိုး မွေးမြူရေးဇုန်အား လည့်လှည့်ကြည့်ရှု့ စစ်ဆေး ခဲ့ကြောင်း သိရသည်။











