မကွေး အောက်တိုဘာ ၂၁
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့် အတူ တိုင်းဒေ သကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါကာ အောက်တိုဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းက မကွေးမြို့နယ် သစ်ရာကောက်-ကိုးပင်လမ်းမှ ဖလံတောကျေးရွာသွားလမ်း လမ်းတာ ဘောင်တင်ခြင်းနှင့် မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်း၊ တောင်တွင်းကြီးမြို့နယ် ယင်းမလည် ချောင်းကူး သံကူကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှု့စစ်ဆေးကာ၊ ဒေသခံတောင်သူများနှင့် တွေ့ဆုံခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မကွေးမြို့နယ် သစ်ရာကောက်-ကိုးပင်လမ်းမှ ဖလံတောကျေးရွာသွားလမ်း လမ်းအရှည် ( 2.816km (၁/၆) မိုင်အား လမ်းတာခဲ့ခြင်း၊ လမ်းတာဘောင်တင်ခြင်းနှင့်( 5.45m )အကျယ် (150mm)ထု မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်းသို့ ရောက်ရှိပြီး ကြည့်ရှုစစ်ဆေးရာ လုပ်ငန်းပြီးစီးဆောင်ရွက်ခဲ့မှု အခြေအနေများနှင့် ပတ်သက်၍ ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီး ညွှန်ကြားရေးမှူး (မြို့ပြ) ဦးဝင်းမိုးထိုက် က ရှင်းလင်းတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များလမ်းညွှန် မှာကြားကာ၊ ဒေသခံပြည်သူများအား တိုင်းဒေသကြီး(ငွေလုံးငွေရင်း) ရန်ပုံငွေကျပ်(၁၁၉.၃၅) သန်းဖြင့် သစ်ရာ ကောက် - ကိုးပင်လမ်းမှ ဖလံတောကျေးရွာသွားလမ်းအား လမ်းတာဘောင် တင်ခြင်းနှင့် မြေနီကျောက်စရစ်ခင်းခြင်းကို ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး ကျေးရွာမှ ဒေသခံပြည်သူ များအနေဖြင့် လမ်းအား ကောင်းမွန်စွာ ရည်ရှည်အသုံးပြုန်ိုင်ရေး ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်သွား ကြရန် မှာကြားကာ၊ ကျေးရွာပြည်သူများ၏ ဒေသဖွံ့ဖြိုးရေး တင်ပြချက်များအား ဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် တောင်တွင်း ကြီးမြို့နယ်ရှိ ပွင်လှလေး - ပွင့်လှကြီးလမ်းပေါ်ရှိ ယင်းမလည်ချောင်းကူး သံကူကွန်ကရစ်တံတား တည်ဆောက်နေမှူအား သွားရောက်ကြည့်ရှု့စစ်ဆေးကာ၊ ဒေသခံတောင်သူများနှင့် တွေ့ဆုံခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် တောင်တွင်းကြီး မြို့နယ်ရှိ ပွင်လှလေး - ပွင့်လှကြီးလမ်းပေါ်ရှိ ယင်းမလည်ချောင်းကူး သံကူကွန်ကရစ်တံတား တံတား တည်ဆောက်နေမှုအား ကြည့်ရှု့စစ်ဆေးရာ ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနမှ ၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီး (ငွေလုံး ငွေရင်း) ရန်ပုံငွေ (၂၉၅.၅၀၀)ကျပ်သန်းဖြင့် ပြေအောင် ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်လျက်ရှိသည့် ပွင့်လှလေး - ပွင့်လှကြီးလမ်းမပေါ်ရှိ (18.288m) အရှည် (၆၀) ပေရှိ ယင်းမလည်ချောင်းကူး သံကူကွန်ကရစ်တံတားတည်ဆောက်နေမှု အခြေအနေများနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ကျေးလက်လမ်း ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီး ညွှန်ကြားရေးမှူး(မြို့ပြ)ဦးဝင်းမိုးထိုက်က ရှင်းလင်းတင်ပြကာ၊ တင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အရည်အဗသွးပြည့်မီစွာဖြင့် သတ်မှတ်ကာလအချိန်မီပြီးစီးရေး အလေးထား ဆောင်ရွက် ကြရန်နှင့် အဆိုပါ တံတားတည်ဆောက်ပြီးစီးပါက ပွင့်လှလေးကျေးရွာ၊ အိမ်ထောင်စု(၁၁၃)အိမ်၊ လူဦးရေ (၄၈၇)ဦး၏ စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန် အဆင်ပြေမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က ပွင်လှလေးကျေးရွာရှိ ဒေသခံ တောင်သူများနှင့် တွေ့ဆုံ၍ ကျေးလက်နေပြည်သူအများစုသည် စိုက်ပျိုးရေးကိုအခြေခံ၍ စီးပွားရေး လုပ်ငန်းများကို လုပ်ကိုင်နေကြကြောင်း၊ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှသာ နိုင်ငံ၏စီးပွားရေးနှင့် စိုက်ပျိုးရေးတောင်သူများ၏ စီးပွားရေးလည်း ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါကြောင်း၊ စိုက်ပျိုးရေး တောင်သူများ၏ စီးပွားရေးအဆင်ပြေမှသာ မိမိတို့ဒေသလည်း ဖွံ့ဖြိုးတက်မှာဖြစ်ပါကြောင်း၊ စိုက်ပျိုး ရေးကိုအခြေခံသည့် နိုင်ငံဖြစ်သည့်အတွက် ဒေသခံစိုက်ပျိုးရေးတောင်သူများ၏ လိုအပ်ချက်နှင့် စိုက်ပျိုး ရေးနည်းပညာလိုအပ်ချက်များကို သက်ဆိုင်ရာဌာနများအားလုံးက ဝိုင်းဝန်းပူးပေါင်းပြီး ကူညီဆောင် ရွက်ပေးရမှာဖြစ်ပါကြောင်း ပြောကြားကာ၊ တက်ရောက်လာသော ဒေသခံတောင်သူ များ၏ ဒေသဖွံ့ဖြိုးရေး ဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာ ဌာန တာဝန်ရှိသူများက ပြန်လည်ဆွေးနွေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ထို့အတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တောင်တွင်းကြီးမြို့နယ် ရင်းမလည်ချောင်း ချောင်းရေကြီးမှုကြောင့် ပျက်စီးခဲ့သည့် ညောင်ပင်လှကျေးရွာအုပ်စု ဥယျာဉ်စု ကျေးရွာ ရင်းမလည်ချောင်း ချောင်းကူးတံတားအား ပြန်လည်ပြုပြင်တည်ဆောက်နိုင်ရေး ကြည့်ရှု စစ်ဆေးကာ၊ ချောင်းကူးတံတား ပြန်လည်ပြုပြင်တည်ဆောက်ပေးနိုင်ရေးအတွက် လိုအပ်သည် များကို တာဝန်ရှိ သူများအား လမ်းညွှန်မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။




