မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

ဆေးကုသမှုခံယူနေသူစုစုပေါင်း

48

(Total receiving treatment)

ပိုးတွေ့

32755

(Lab Confirmed)

ပိုးတွေ့သေဆုံးလူနာ

1593

(Death among Lab Confirmed)

ပိုးတွေ့ပြန်လည်သက်သာ

31114

(Recovered)

မကွေး စက်တင်ဘာ ၉

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် အစိုးရအဖွဲ့ဝင်ဝန်ကြီး များဖြစ်သည့် စီးပွားရေးရာဝန်ကြီးဦးအောင်ချိန်၊ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး၊ လူမှု ရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးသူရသွင်ကိုကို၊ ချင်းတိုင်း ရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်၊ တိုင်းဒေသကြီးဥဒေချုပ်ဦးဝင်းမြင့်၊ အတွင်းရေးမှူး ဦးဝင်း ရှိန်တို့ လိုက်ပါကာ ယနေ့နံနက် ၈ နာရီအချိန်က မကွေးတိုင်းပြည်သူ့ဆေးရုံကြီး၌ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ လ(၁၆) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့အိုဇုံးလွှာ ထိန်းသိမ်းရေးနေ့ အထိမ်း အမှတ် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်း အခမ်းအနားသို့ တက်ရောက်အားပေးခဲ့သည်။

ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်ရေးနေ့အထိမ်းအမှတ်အဖြစ် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ကြည်း၊လေ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ အသင်းအဖွဲ့ဝင်များနှင့် လူမှုပရဟိတအသင်း အဖွဲ့များစုပေါင်း၍ တိုင်းဒေသကြီး ပြည်သူ့ ဆေးရုံဝန်းအတွင်းရှိ ပေါင်းမြက်များရှင်းလင်းခြင်း၊ ခြုံနွယ်ပိတ်ပေါင်းများ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် အမှိုက်သရိုက်များအား အမှိုက်သိမ်းယာဉ်များဖြင့် စနစ်တကျ စွန့်ပစ်ခြင်းတို့ ဆောင်ရွက်ခဲ့ ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က စေတနာ့ဝန်ထမ်း volunteer များအတွက် ကမ္ဘာ့အိုဇုံးလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် တီရှပ်အင်္ကျီများအား ထောက်ပံ့ပေးအပ်ခဲ့ပြီး လုပ်အားပေး ဆောင်ရွက်နေမှုအား လှည့်လည် ကြည့်ရှုအားပေးကာ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားဆောင် ရွက်ခဲ့သည်။

ထိုမှတဆင့် တိုင်းဒေသကြီး ဝန်ကြီး ချုပ်နှင့် အစိုးရအဖွဲ့ဝင်များသည် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့အစီအစဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ လူနာများအတွက် အောက်ဆီဂျင် လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေး မကွေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံကြီးတွင် တပ်ဆင်ပြီးစီးသည့် 20 m3 Oxygen Plant အားကြည့်ရှုစစ်ဆေးခဲ့ပြီး ရေရှည်အသုံးပြု နိုင်ရန်အတွက် စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ မောင်းနှင်ထုတ်လုပ်ရန်နှင့် လုပ်သားများ လုံခြုံရေးနှင့် စက်ရုံလုံခြုံရေးတို့ကို စနစ်တကျစီမံဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အရေးပေါ်ဖုန်းများ


  • Covid 19 Call Center

    09-259052203
    09-790167281
    063-25638
    09-2305774

  • လူနာတင်ယာဥ်နံပါတ်များ

    -

  •  ရဲတပ်ဖွဲ့

    0956021047

  •  မီးသတ်တပ်ဖွဲ့

    063 28 491

  • လိုက်နာရမည့်အချက်များ