မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် ဧရာဝတီမြစ်အတွင်း ငါးမျိုး စိုက်ထည့်ပွဲ တက်ရောက်

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် ဧရာဝတီမြစ်အတွင်း ငါးမျိုး စိုက်ထည့်ပွဲ တက်ရောက်

မကွေး စက်တင်ဘာ ၁၈

          မကွေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ငါးသယံဇာတထိန်းသိန်းခြင်းကို စဉ်ဆက်မပြတ် ငါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်၊ ငါးမျိုးပြုန်းတီမှု မဖြစ်စေရန်၊ သဘာဝရေပြင်တွင် ငါးမျိုးများ စဉ်ဆက်မပြတ် တည်ရှိစေရန်၊ ငါးထုတ်လုပ်မှုတိုးတက်လာစေရန်နှင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေရရှိစေရန်အတွက် ဒေသနှင့်ကိုက်ညီသည့် ငါးမျိုးများအား တိုင်းဒေ သကြီးအတွင်း ခရိုင်၊ မြို့နယ်များရှိ ဧရာဝတီမြစ်၊ ချောင်းနှင့် ဆည်တမံများအတွင်းသို့ ငါးမျိုးများ စိုက်ထည့် ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာလ ၁၈ ရက် ယနေ့နံနက် ၈ နာရီက မကွေးမြို့ နန်းထိုက်သူဟိုတယ်အနီး ဧရာဝတီမြစ်ကမ်းစပ်၌ ဧရာဝတီမြစ်အတွင်း ငါးမျိုးစိုက်ထည့်ပွဲ ကျင်းပ ခဲ့သည်။

          အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးတပ်နယ်မှ အကြီးအကဲများ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများ တက်ရောက်၍ ဧရာဝတီ မြစ်အတွင်း ကြီးထွားမှုနှုန်း မြန်ဆန်သည့် ငါးသားပေါက် များဖြစ်သည့် ငါးမြစ်ချင်း အကောင်ရေ (၂)သိန်းခွဲ၊ ငါးခုံးမကြီး အကောင်ရေ(၁)သိန်းခွဲ စုစုပေါင်း ငါးသာပေါက် အကောင်ရေ(၄)သိန်းကို စိုက်ထည့်ခဲ့ကြသည်။

          မကွေးတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီးအတွင်း ဖမ်းဆီး စားသုံး ခြင်းမှ ကုန်ဆုံးသွားသော ငါးများအား ပြန်လည်အစားထိုးရန် ရည်ရွယ်၍ စိုက်ထည့်ခြင်းဖြစ်ကြောင်း၊ ငါးသယံဇာတတိုးပွားရေးအတွက် ငါးလုပ်ငန်းလုပ်ကိုင်သူများအား အသိပညာပေး ဟောပြောခြင်း၊ ငါးမျိုး ရေရှည် စဉ်ဆက်မပြတ် ဖွံဖြိုးတိုးတက်စေရန် တောင်တွင်းကြီး မြို့နယ်၊ ပွင့်ဖြူမြို့နယ်နှင့် မြို့သစ်မြို့နယ်တို့တွင် ငါးသားပေါက်စခန်းဖွင့်လှစ်ပြီး ဆောင်ရွက်ပေးခြင်း၊ ငါးရိက္ခာ ဖူလုံစေရန်၊ ငါးလုပ်ငန်းကို အခြေခံ၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားလာစေရန် ဆည်၊ ကန်များနှင့် မြစ်၊ ချောင်းများ အတွင်း နှစ်စဉ်ငါးမျိုးများ စိုက်ထည့်ပေးခြင်းတို့ကို ဆောင်ရွက်လျက် ရှိပြီး ယခုနှစ်တွင် မကွေးတိုင်းဒေသကြီးအတွင်း ငါးမျိုးစိုက်ကောင်ရေ စုစုပေါင်း(၁၀)သိန်း စိုက်ထည့်ရန် လျာထားဆောင်ရွက်လျက် ရှိကြောင်း မကွေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။


နောက်ဆုံးရ သတင်း