မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင် ရေနံချောင်းတက္ကသိုလ် သင်းရနံ့စုံစုံ တို့တက္ကသိုလ်ဂုဏ် YNCU Campus Vibes 2025 အခမ်းအနားသို့ တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင် ရေနံချောင်းတက္ကသိုလ် သင်းရနံ့စုံစုံ တို့တက္ကသိုလ်ဂုဏ် YNCU Campus Vibes 2025 အခမ်းအနားသို့ တက်ရောက်

မကွေး စက်တင်ဘာ ၁၂

          မကွေးတိုင်းဒေသကြီး ရေနံချောင်းတက္ကသိုလ်၌ “သင်းရနံ့စုံစုံ တို့တက္ကသိုလ်ဂုဏ်” ခေါင်းစဉ် ဖြင့် YNCU Campus Vibes 2025 အခမ်းအနားကို ယမန်နေ့က နံနက်ပိုင်းက အဆိုပါတက္ကသိုလ် ပတ္တမြားခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူ များ တက်ရောက်သည်။

          အခမ်းအနားကို ရေနံချောင်းတက္ကသိုလ် ကျောင်းသားကျောင်းသူများက YNCU Campus Vibes Theme Song ဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာ စကားပြောကြားရာတွင် Campus Vibes ဆိုတာ တက္ကသိုလ်အသက်ဝင်လှုပ်ရှားနေတဲ့ ပတ်ဝန်းကျင်၊ အရိပ်၊ အငွေ့အသက်နဲ့ ယဉ်ကျေးမှုအစုအဝေးကို ဖော်ပြတဲ့ စကားစုတစ်ခုဖြစ်ပါ ကြောင်း၊ တက္ကသိုလ်ဟာ ဘာသာရပ်များကို သင်ကြားလေ့လာသည့် နေရာသာမက လူငယ်များ၏ အိမ်မက်များ၊ အားကစားနှင့် အနုပညာစွမ်းရည်များဖော်ထုတ်ရာ နှလုံးသားထဲရှိ ရသများ၊ ဦးနှောက်မှ အတွေးအမြင်သစ်များပေါ်ထွန်းရာ ညီအစ်ကို မောင်နှမများ အချင်းချင်း ချစ်ကြည်ရင်းနှီးမှုများ တည်ဆောက်ရာ အရင်းအမြစ်လည်းဖြစ်ပါကြောင်း၊ မောင်တို့မယ်တို့အနေဖြင့် သင်ယူသော အသိပညာများကို စာမေးပွဲအောင်ရန်အတွက်သာ မဟုတ်ဘဲ လူ့အသိုက်အဝန်းအတွက် အကျိုးပြု နိုင်ရန် လက်တွေ့အသုံချ စေလိုကြောင်း၊ ဖွံ့ဖြိုးတိုးတက်နေသော နည်းပညာနှင့် အတူ တစ်သက်တာ သင်ယူမှုများကို ပြုလုပ်ကြရမည်ဖြစ်ကြောင်းနှင့် သင်းရနံ့စုံစုံ တို့တက္ကသိုလ်ဂုဏ် YNCU Campus Vibes 2025 အခမ်းအနားဖြင့် တက္ကသိုလ်ရဲ့ ဂုဏ်ကိုမြှင့်တင်ပေးတဲ့ ရေနံချောင်းတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ များအားလုံနဲ့ လမ်းညွှန်ပြသပေးကြသော ပါမောက္ခချုပ်နှင့် ဆရာကြီး၊ ဆရာမကြီးများ၊ ဝန်ထမ်းများ အကောင်အထည်ဖော် ဆောင်ရွက်ကြသူများအားလုံးကို တိုင်းဒေသ ကြီးအစိုးရအဖွဲ့က အသိအမှတ်ပြု မှတ်တမ်းတင်ရှိပါကြောင်း ပြောကြားသည်။

          ထို့နောက် ရေနံချောင်းတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအေးအေးသန့်က အခမ်းအနား ကျင်းပရခြင်း ရည်ရွယ်ချက်ကို ပြောကြားပြီး မေဂျာပေါင်းစုံ ကာယဗလမောင်ပြိုင်ပွဲ၊ လှယဉ်ကျေး မယ်ပြိုင်ပွဲနှင့် တေးသရုပ်ဖော်အကများ၊ ဖျော်ဖြေရေးအစီအစဉ်များကို ဆက်လက်ကျင်းပသည်။

          ယင်းနောက် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးစေရန် ရည်ရွယ်၍ ၂၀၂၅ ခုနှစ် အတွင်း ကျင်းပခဲ့သည့် စာပေ၊ အနုပညာ၊ အားကစား၊ သုတေသနနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး လုပ်ငန်းများ၊ သင်တန်းများနှင့် နယ်ပယ်ကဏ္ဍအသီးသီးတို့တွင် ထူးချွန်ဆု ရရှိသူများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။


နောက်ဆုံးရ သတင်း