မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအား ကြည့်ရှုအားပေး

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအား ကြည့်ရှုအားပေး

မကွေး စက်တင်ဘာ ၁၃

          (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးမြို့ မြသလွန် စေတီတော်တွင် စက်တင်ဘာလ ၁၃ ရက်နေ့နံနက် ၇ နာရီက မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကျော်စိုးဝင်း ဦးဆောင်ကာ တပ်ဖွဲ့ဝင်/စာရေးဝန်ထမ်းများနှင့် မိသားစုများ စုစုပေါင်း၍ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင် ဝန်ကြီး များ၊ မကွေးတပ်နယ်မှ အကြီးအကဲများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ သွားရောက်၍ ကြည့်ရှုအားပေး သည်။

          ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် မကွေးမြို့ မြသလွန်စေတီတော်သို့ ရောက်ရှိ ခဲ့ပြီး၊ မြသလွန်စေတီရင်ပြင်တော်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ(၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီးတပ်ဖွဲ့မှူး ရဲမှူးကြီးကျော်စိုးဝင်း ဦးဆောင်သော တပ်ဖွဲ့ဝင်(၃၀၀)ဦးတို့က ဘုရားရင်ပြင်တော်အား သန့်ရှင်းသပ်ရပ်မှုရှိစေရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးကြောင်း သိရသည်။

          ထို့အတူ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံလမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင် မြို့ရွာသန့်ရှင်းသန့်ရှင်းသာယာလှပစေရေး ဘုရားစေတီ ပုထိုးများ၊ ရုံးဌာန အဆောက်အဦများနှင့် ကျောင်းပတ်ဝန်းကျင်များ သန့်ရှင်းသာယာလှပမှုရှိစေရေးနှင့် ပြည်သူများ ကျန်းမာရေးဆိုင်ရာ အထောက်အကူဖြစ်စေရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို အပတ်စဉ်(စနေနေ့တိုင်း)တိုင်းလုံးကျွတ် လုပ်ဆောင်လျက်ရှိကြောင်းနှင့် အဆိုပါ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခြင်းများကို စုစုပေါင်းအင်အား(၂၅၀၀)ဦးခန့်ဖြင့် ဆောင်ရွက်ခဲ့ပြီး၊ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်သည့် ဌာန၊ အသင်းအဖွဲ့များအား မြန်မာ့ရိုးရာမုန့်များနှင့် သောက်ရေသန့်ဘူးများ ဝေငှ ပေးခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း