မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ဒေသတွင်း စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး မင်းဘူး(စကု) မြို့နယ်ရှိ ဒေသခံတောင်သူများနှင့် တွေ့ဆုံ

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ဒေသတွင်း စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး မင်းဘူး(စကု) မြို့နယ်ရှိ ဒေသခံတောင်သူများနှင့် တွေ့ဆုံ

မကွေး ဩဂုတ် ၃၁

          မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ဒေသတွင်း စိုက်ပျိုးစွမ်းအား မြှင့်တင်ရေးနှင့် သီးနှံစိုက်စွမ်းအားတိုးတက်မားရေးအတွက် ဒေသခံတောင်သူများနှင့် တွေ့ဆုံ ဆွေးနွေးပွဲ အခမ်းအနားကို ဩဂုတ်လ ၃၁ ရက် နံနက်ပိုင်းက ဥယျာဉ်ဇင်ကျေးရွားအုပ်စု သိမ်ကုန်း နည်းပညာပြန့်ပွားရေးစင်တာဝင်းအတွင်းရှိ ဒေသဖွံ့ဖြိုးရေးနှင့် တောင်သူပညာပေးသင်တန်း ကျောင်း၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ တက်ရောက်သည်။

          ဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် သိမ်ကုန်း နည်းပညာပြန့်ပွားရေးစင်တာဝင်းအတွင်း၌ ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဦးဆောင်သော ဆေးကုသ ရေးအဖွဲ့ ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေးနေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဆေးကုသမှုခံယူလျက် ရှိသော ပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားသည်။

          ဆက်လက်ပြီး ဒေသခံတောင်သူများနှင့် တွေ့ဆုံပွဲကို ကျင်းပရာ အခမ်းအနားတွင် မကွေး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က မိမိတို့ တိုင်းဒေသကြီးသည် လယ်ယာစိုက်ပျိုးရေး အခြေခံ သည့် တိုင်းဒေသကြီးတစ်ခု ဖြစ်သည်နှင့် အညီ ဒေသတွင်း စိုက်ပျိုးစွမ်းအား မြှင့်တင်ရန်နှင့် သီးနှံစိုက် စွမ်းအား တိုးတက်မားရေး ဆောင်ရွက်မည်ဆိုပါက ဒေသခံတောင်သူများအနေဖြင့် မျိုး၊ မြေ၊ ရေ၊ စိုက်နည်းတို့ကို အခြေခံ၍ စိုက်ပျိုးမြေအားလုံး တစ်နှစ် သုံးသီးစိုက် ရရှိအောင်ဆောင်ရွက်ရန် အထူး လိုအပ်မည်ဖြစ်ကြောင်း၊ တောင်သူအများစုက ဒေသစွဲသီးနှံများထက် စီးပွားရေးအရ တွက်ခြေ ကိုက်သည့် သက်ယဉ် အထွက်ကောင်း သီးနှံများကို ရွေးချယ်၍ မျိုးကောင်းမျိုးသန့်များ စနစ်တကျ အသုံးပြုပြီး စိုက်ပျိုးရန် လိုအပ်မည်ဖြစ်ကြောင်း၊ ထိုသို့စိုက်ပျိုးနိုင်မှသာ သီးနှံပေါ်ချိန် သီးနှံ အထွက်နှုန်း တိုးတက်ကောင်းမွန်ပြီး ထွက်ရှိသော သီးနှံများမှာ ပြန်လည်ရောင်းချချိန် ဈေးကောင်း ရရှိနိုင်မည် ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားသည်။

          ဆက်လက်ပြီး မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးယဉ်ထွန်းနှင့် တာဝန်ရှိသူများက ဒေသခံတောင်သူများတွက် စိုက်ပျိုးရေးဦးစီးဌာန၏ တောင်သူ ပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးနေမှု၊ တောင်သူစိုက်ပျိုးနည်းပညာပေး သင်တန်း များစဉ်ဆက်မပြတ် ဖွင့်လှစ်ဆောင်ရွက်နေမှုနှင့် စိုက်ပျိုးရေးဆိုင်ရာ အချက်အလက်များကို ရှင်းလင်း တင်ပြသည်။

          ဆက်လက်၍ ခမ်းအနားသို့ တက်ရောက်လာသော ကျေးရွာအုပ်စုပေါင်း (၁၅)ရွာမှ ဒေသခံ တောင်သူများ၏ စိုက်ပျိုးရေ(ဆည်ရေ)ရရှိရေး၊ အခြေခံပညာကျောင်းများအတွက် စာသင်ကျောင်း ဆောင်နှင့် ကျေးလက်ကျန်းမာရေး ဆေးပေးခန်းများ အသစ်တိုးချဲ့ ဆောက်လုပ်ပေးနိုင်ရေး၊ ကျေးရွာ ခြင်းဆက်လမ်းများနှင့် ကျေးလက်ကုန်ထုန်လမ်းများ တိုးချဲ့ပြုပြင်ဆောင်ရွက်ပေးနိုင်ရေး၊ စိုက်ပျိုးရေ (ဆည်ရေ)ရရှိရန် ခက်ခဲသော ဒေသများ၌ မြေအောက်ရေတွင်းအား ဆိုလာစနစ် တပ်ဆင် အသုံးပြု ဆောင်ရွက်ပေးနိုင်ရေးနှင့် မိုဘိုင်းဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးရေရရှိအောင် ဆောင်ရွက်ပေးနိုင် ရေး၊ လျှပ်စစ်မီးမရရှိသေးသော ဒေသများ၌ လျှပ်စစ်ဓာတ်အားလိုင်းများ တိုးချဲ့တပ်ဆင် ပေးနိုင်ရေး၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ စိုက်ပျိုးရေးစရိတ်ချေးငွေများ အဆင်ပြေချောမွေ့စွာ ထုတ်ချေးပေး နိုင်ရေး စသည့် ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်တင်ပြမှုများအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို သက်ဆိုင်ရာဌာများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးပြီး အဆိုပါ ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများနှင့် ရွာခွဲတာဝန်ခံများထံ ရုပ်သံလွှင့်စက်များ ပေးအပ်လှူဒါန်းခဲ့ ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း