မကွေး သြဂုတ် ၃၀
ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး (YMBA)မှ ထင်ရှားကျော်ကြားသော ဆရာတော်ဘုရား ကြီးများနှင့် ထင်ရှားထူးခြားသော လူပုဂ္ဂိုလ်တို့အား ဘွဲ့တံဆိပ်တော် အသီးသီးဆက်ကပ်ခဲ့သည့် အစဉ်အလာကိုအသင်းကြီး၏ တာဝန်ပေးချက်အရ ဩဂုတ်လ ၃၀ ရက် ယနေ့မွန်းလွဲ ၁ နာရီက မကွေးတိုင်းဒေသကြီးအစိုရအဖွဲ့ရုံး အစည်းအဝးခန်းမ၌ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး
( YMBA ) ဗဟိုဥက္ကဋ္ဌ သတိုးသီရိ မဟာမင်္ဂလ ဓမ္မဇောတိကဓဇ၊ သီရိသုဓမ္မမဏိဇောတဓရ ဦးရဲထွန်း က မဟာမင်္ဂလဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ကို မကွေးတိုင်းဒေဿကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်ထံ ပေးအပ်ချီးမြှင့်ခဲ့သည်။