မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းပြည်သူ့ဆေးရုံကြီး ဆေးဘက်ကျွမ်းကျင်(၃) (ဓါတ်မှန်) (၆)လသင်တန်း ဖွင့်ပွဲ အခမ်းအနား တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းပြည်သူ့ဆေးရုံကြီး ဆေးဘက်ကျွမ်းကျင်(၃) (ဓါတ်မှန်) (၆)လသင်တန်း ဖွင့်ပွဲ အခမ်းအနား တက်ရောက်

မကွေး      မေ      ၁၄

          ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၏ လမ်းညွှန်မှု၊ မကွေးတိုင်းဒေသကြီး ကုသရေး ဦးစီးဌာန ဦးဆောင်မှုဖြင့် တိုင်းပြည်သူ့ဆေးရုံကြီး၊ ဆေးဘက်ကျွမ်းကျင်(၃) (ဓါတ်မှန်)(၆)လ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီးပြည်သူ့ဆေးရုံကြီး အစည်း အဝေးခန်းမ၌ ကျင်းပရာ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ ဆေးတက္ကသိုလ်( မကွေး ) နှင့် အခြေခံကျန်းမာရေးတက္ကသိုလ်မှ ပါမောက္ခချုပ်များ၊ တိုင်းအဆင့်ဌာန ဆိုင်ရာအကြီးအကဲများ၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ၊ သူနာပြုအုပ်နှင့် သူနာပြုဆရာမကြီးများ၊ ဓါတ်မှန်ဌာနမှ သင်တန်းဆရာများနှင့် ဆေးဘက်ကျွမ်းကျင်(၃) (ဓါတ်မှန်)(၆)လ သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။

          ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ဗဟိုအဆင့်/တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ဆေးရုံကြီးများတွင် လစ်လပ်လျက်ရှိသော ဆေးဘက်ကျွမ်းကျင်(၃) (ဓါတ်မှန်)ရာထူးနေရာ များအား တိုးမြှင့်ခန့်ထားနိုင်ရေးအတွက် တိုင်းပြည်သူ့ဆေးရုံကြီး၊ မကွေးမြို့အပါအဝင် ပြည်နယ်/ တိုင်းအသီးသီးရှိ ဆေးရုံကြီး(၁၃)ရုံမှာ သင်တန်းသားဦးရေစုစုပေါင်း (၃၀၀)ကို ဒီကနေ့မှစပြီး တပြိုင်နက်ထဲ သင်တန်းစတင်ဖွင့်လှစ်ဆောင်ရွက်ခဲ့တာဖြစ်ပါကြောင်း၊ သင်တန်းသား/သင်တန်းသူ များကို ဆေးဘက် ကျွမ်းကျင်(၃)(ဓါတ်မှန်)(၆)လ သင်တန်းအတွက် ကျန်းမာရေးလူ့စွမ်းအားအရင်း အမြစ်ဦးစီးဌာနမှ ပေးပို့လာသော ဆန်းစစ်ခြင်းပုံစံနှင့် သင်ရိုးညွန်းတမ်းအား သင်ကြားပို့ချဆောင်ရွက် သွားမှာဖြစ်ပါကြောင်း၊ ဆေးဘက်ကျွမ်းကျင်(၃)(ဓါတ်မှန်)(၆)လသင်တန်းပြီးဆုံးပါက အောင်မြင်သူ များအား သင်တန်းဆင်း အောင်လက်မှတ်များ ထုတ်ပေးမည်ဖြစ်ပြီး သင်တန်းအောင်မြင်သူများအား ကုသရေးဦးစီးဌာန၊ စီမံခန့်ခွဲမှုကော်မတီ၏ အတည်ပြုချက်ရယူပြီး ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနအောက်ရှိ ပြည်သူ့ဆေးရုံများတွင် ရာထူးတိုးမြှင့်ခန့်ထားပေးမှာ ဖြစ်ပါကြောင်း၊ ဒီကနေ့ တက်ရောက်ကြမည် သင်တန်းသား/ သင်တန်းသူအနေနဲ့ သင်တန်းကာလအတွင်း သင်တန်းက ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းများကို လိုက်နာပြီး စာတွေ့/လက်တွေ့ သင်ကြားပို့ချ မှုများကို သေချာစွာလေ့လာမှတ်သားကြဖိုနဲ့ သင်တန်းကာလ(၆)လတာမှာ အခက်အခဲဟူသမျှ အောင်မြင်စွာ ကျော်လွှားနိုင်ကာ မိမိတို့ ရည်မှန်းထားတဲ့ ပန်းတိုင်ကို အောင်မြင်အောင် လျှောက်လှမ်း နိုင်ပြီး ပြည်သူလူထုအကျိုး၊ မိမိတိုင်းပြည်ရဲ့အကျိုးကို ကောင်းမွန်စွာ ဆောင်ရွက်နိုင်တဲ့ သူများဖြစ် ပါစေကြောင်း ပြောကြားကာ၊ သင်တန်းပို့ချမှုကို စတင်ခဲ့သည်။

          အဆိုပါ သင်တန်းကို မကွေးမြို့ တိုင်းပြည်သူ့ဆေးရုံကြီးတွင် ဓါတ်မှန် ပညာဌာနမှ ပါမောက္ခ ဒေါက်တာစိမ်းမို့မို့ ဦးဆောင်သော သင်တန်းဆရာ(၈)ဦးမှ သင်တန်းသား(၂၉)ဦးအား (၅-၅-၂၀၂၅) ရက်နေ့မှ စတင်ကာ (၆ )လကြာ သင်ကြားပို့ချပေးမှာ ဖြစ်ပါကြောင်း သိရှိရသည်။

နောက်ဆုံးရ သတင်း